• Follow Us on

Home ရုရှားရေငုပ်သင်္ဘောတွေမှာ ဇာကွန်ဟိုက်ပါဆောနစ်ဒုံးကျည်တွေ တပ်ဆင်သွားမည်

ရုရှားရေငုပ်သင်္ဘောတွေမှာ ဇာကွန်ဟိုက်ပါဆောနစ်ဒုံးကျည်တွေ တပ်ဆင်သွားမည်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၆

 

ရုရှားနိုင်ငံက ၎င်းတို့ရဲ့ ယာဆန်အဆင့် နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောတွေကို တိုက်ခိုက်ရေးစွမ်းရည် မြှင့်တင်ဖို့အတွက် ဇာကွန်ဟိုက်ပါဆောနစ်ဒုံးကျည်တွေ တပ်ဆင်သွားမယ်လို့ ရုရှားသင်္ဘောဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုရဲ့ အကြီးအကဲက ပြောကြားလိုက်ပါတယ်။

 

ရေငုပ်သင်္ဘောမှာ လက်နက်စနစ်တွေပေါင်းစပ်ထည့်သွင်းခြင်းကို ဆောင်ရွက်နေပြီဖြစ်ပြီး ရုရှားအစိုးရအနေနဲ့ မကြာခင်မှာ တိုက်ခိုက်ရေးစွမ်းရည်တွေပိုမိုကောင်းမွန်တဲ့ ရေငုပ်သင်္ဘောတွေကို ပိုင်ဆိုင်လာတော့မှာဖြစ်တယ် လို့ United Shipbuilding Corporation ညွှန်ကြားရေးမှူးချုပ် အလက်ဇီရာ့ခ်မာနော့ဗ်က ရုရှားအစိုးရပိုင် RIA Novosti သတင်းဌာနကို ပြောပါတယ်။

 

၂၀၁၉ ခုနှစ်မှာ ထုတ်ဖော်ပြသခဲ့တဲ့ ဇာကွန်ဟိုက်ပါဆောနစ်ဒုံးကျည်ဟာ မိုင်ပေါင်း ၆၀၀ (၉၆၅ ကီလိုမီတာ) ကျော်က ပစ်မှတ်ကို တိုက်ခိုက်ဖျက်ဆီးနိုင်ပါတယ်။

 

အသံထက် ၉ ဆ မြန်တဲ့ ဒီဟိုက်ပါဆောနစ်ဒုံးကျည်ကို ရန်သူ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ ရန်သူ့ ဒုံးကျည်တွေက ကြားဖြတ်ဟန့်တားဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။

 

ရေငုပ်သင်္ဘောတွေမှာ ဇာကွန်ဒုံးကျည်တွေတပ်ဆင်နေတဲ့ကာလကို ရာခ်မာနော့ဗ်က အတိအကျမပြောပေမဲ့ ပထမဦးဆုံး ဇာကွန်ဒုံးကျည်တွေတပ်ဆင်ထားတဲ့ ရေငုပ်သင်္ဘောဟာ ၂၀၂၆ ခုနှစ်အတွင်းမှာ စတင်တာဝန် ထမ်းဆောင်နိုင်လိမ့်မယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။

 

ယာဆန်အဆင့် နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောတွေမှာ ၃၆၈ မိုင် (၅၉၃ ကီလိုမီတာ) အကွာအဝေးအ ထိပစ်ခတ်နိုင်တဲ့ Oniks ဒုံးကျည်တွေနဲ့ Kalibr ဒုံးကျည်တွေ တပ်ဆင်ထားပါတယ်။

 

အဲဒီရေငုပ်သင်္ဘောတွေမှာ တော်ပီဒိုပြွန် ၈ လုံးပါရှိပြီး ရေပေါ်/ရေအောက် ဒုံးကျည်တွေပစ်ခတ်နိုင်တဲ့ ဒုံးလောင် ချာစနစ်တစ်ခု ပါရှိပါတယ်။

 

ဒီရေငုပ်သင်္ဘောတွေရဲ့ အဓိကတာဝန်က လေယာဉ်တင်သင်္ဘောအုပ်စုတွေနဲ့ ပူးပေါင်းတာဝန်ထမ်းဆောင်ပြီး ရန်သူ့ရေငုပ်သင်္ဘောတွေနဲ့ စစ်သင်္ဘောအမျိုးမျိုးကို တိုက်ခိုက်သွားဖို့ဖြစ်ပါတယ်။

 

ဒါ့အပြင် မူကွဲဖြစ်တဲ့ ယာဆန်-အမ် အဆင့် နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောတွေမှာ နောက်ဆုံးပေါ် ခေတ်မီအာရုံခံကိရိယာတွေ၊ ဆူညံသံလျှော့ချထားတဲ့နည်းပညာတွေနဲ့ အသံနှောင့်ယှက်မှုကိုလျှော့ချပေးထား တဲ့ အဆင့်မြင့်နျူကလီးယားဓာတ်ပေါင်းဖိုတစ်ခုကိုပါ တပ်ဆင်ထားပါတယ်။

 

ပထမဦးဆုံး ယာဆန်အဆင့် နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောကို ရေချလိုက်ပြီး တစ်နှစ်အကြာ ၂၀၁၄ ခုနှစ်မှာ အဲဒီရေငုပ်သင်္ဘောဟာ အမေရိကန်အစိုးရအတွက် “အန္တရာယ်ရှိတဲ့ပြိုင်ဘက်” ဖြစ်လာလိမ့်မယ်လို့ အ မေရိကန်ရေတပ်ဗိုလ်ချုပ်ကြီး ဒေ့ဗ်ဂျွန်ဆင်က ပြောပါတယ်။

 

Ref: Russian Submarines ‘On Track’ to Get Hypersonic Missiles: Shipbuilder

 

#PeopleMedia


Share this post