• Follow Us on
Latest News

Home ရုရှားရေတပ်စစ်ရေယာဉ်များမှ အရာရှိ၊ စစ်သည်များနှင့် တပ်မတော်(ရေ)မှ အရာရှိ၊စစ်သည်များ ချစ်ကြည် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်

ရုရှားရေတပ်စစ်ရေယာဉ်များမှ အရာရှိ၊ စစ်သည်များနှင့် တပ်မတော်(ရေ)မှ အရာရှိ၊စစ်သည်များ ချစ်ကြည် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၆

 

မြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် ရုရှားရေတပ် စစ်ရေယာဉ်များမှ အရာရှိ၊ စစ်သည်များ သည် မြန်မာ့တပ်မတော်(ရေ)မှ စစ်ရေယာဉ်များသို့ နိုဝင်ဘာလ ၄ ရက်နေ့တွင် လာရောက် လေ့လာရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး လိုက်လံရှင်းလင်းပြသခဲ့ကြသည်။ အလားတူ တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များလည်း ရုရှားစစ်ရေယာဉ်များသို့ သွားရောက်လေ့လာရာ ရုရှားစစ်ရေယာဉ်များမှ တာဝန်ရှိ သူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး ရေယာဉ်ပေါ်တွင်လိုက်လံရှင်းလင်း ပြသခဲ့ကြသည်။

 

နိုဝင်ဘာလ ၃ ရက်နှင့် ၄ ရက်နေ့တို့၌ ရုရှားစစ်ရေယာဉ်များမှ အရာရှိ၊ စစ်သည်များနှင့် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များ ချစ်ကြည်ရေး ဘော်လီဘောပြိုင်ပွဲ၊ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲနှင့် ချစ်ကြည်ရေးလွန်ဆွဲ ပြိုင်ပွဲများ ယှဉ်ပြိုင်ခဲ့ကြသည်။

 

ထို့အပြင် ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်း ပထမအဆင့်အနေဖြင့် နှစ်နိုင်ငံရေတပ်မှ အရာရှိ၊ စစ်သည်များဖြင့် ဆိပ်ကမ်းအခြေပြုလေ့ကျင့်ခန်း(Harbour Phase) ဆောင်ရွက်ခဲ့ကြသည်။ ရုရှား စစ်ရေ ယာဉ်များမှ အရာရှိ၊ စစ်သည်များသည် ရန်ကုန်မြို့သို့ ရောက်ရှိနေစဉ်အတွင်း ရန်ကုန်မြို့ရှိ အထင်ကရ နေရာများသို့ လေ့လာရေးခရီး သွားရောက်လည်ပတ်ခြင်းများလည်း ဆောင်ရွက်လျက်ရှိသည်။

 

#PeopleMedia


Share this post