• Follow Us on

Home ရုရှားရေတပ်ဦးစီးချုပ်ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ပြန်လည်ထွက်ခွာ

ရုရှားရေတပ်ဦးစီးချုပ်ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ပြန်လည်ထွက်ခွာ

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၈

 

ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေး ခရီးရောက်ရှိနေသည့် ရုရှားရေတပ်ဦးစီးချုပ် Admiral Nikolai A.EVMENOV ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယမန်နေ့တွင် ရန်ကုန်မြို့မှလေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာရာ နယ်မြေခံ ရေတပ်ကွပ်ကဲမှု ဌာနချုပ်၊ ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်ထိန်ဝင်းနှင့် တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာရုရှား စစ်သံမှူး Colonel Sergey KURCHENKO နှင့် တာဝန်ရှိသူများက မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်၌ ပို့ဆောင် နှုတ်ဆက်ခဲ့ကြသည်။

 

အလားတူ မြန်မာနိုင်ငံတော်သို့ မြန်မာ-ရုရှားရေကြောင်း လုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေး ခရီးလည်ပတ်ရန် ရောက်ရှိနေသော ရုရှားရေတပ်မှ ဖျက်သင်္ဘော(Destroyer)များဖြစ်သည့် စစ်ရေယာဉ် Admiral Tributs၊ Admiral Panteleev နှင့် Sea Tanker Pechenga တို့သည်  ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းမှ ပြန်လည်ထွက်ခွာသွားကြသည်။

 

အဆိုပါစစ်ရေယာဉ်များရောက်ရှိနေစဉ်အတွင်း ရန်ကုန်မြို့ရှိ အထင်ကရနေရာ များသို့ လေ့လာလည်ပတ်ခြင်း၊ နှစ်နိုင်ငံချစ်ကြည်ရေး အားကစားပြိုင်ပွဲများယှဉ်ပြိုင် ကစားခြင်း၊ ဆိပ်ကမ်းအခြေပြုလေ့ကျင့်ခန်း (Harbour Phase) လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် တပ်မတော်(ရေ)မှ စစ်ရေယာဉ်များနှင့်အတူ ဝေဟင်ရန်၊ ရေပြင်ရန်၊ ရေအောက်ရန်ကာကွယ်ရေး လေ့ကျင့်ခန်းများနှင့် ရေကြောင်းလုံခြုံရေးဆိုင် ရာလေ့ကျင့်ခန်းများ ပူးပေါင်းဆောင်ရွက်ရန်အတွက် လေ့ကျင့်ခန်းဧရိယာသို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။

 

#PeopleMedia


Share this post