ရုရှားရေအားလျှပ်စစ်ကုမ္ပဏီ RusHydro က မြန်မာ့ရေအားလျှပ်စစ်စီမံကိန်းတွေမှာ ပူးပေါင်းပါဝင်ဖို့ အဆင်သင့် ဖြစ်နေပြီလို့ဆို
PUBLISHED - October 26, 2023
နိုင်ငံတကာ၊ အောက်တိုဘာ ၂၆
ရုရှားရေအားလျှပ်စစ်ကုမ္ပဏီ RusHydro က မြန်မာနိုင်ငံမှာရှိတဲ့ နမ့်လန်းနဲ့ အလယ်ပေါင်လောင် ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ ဆောက်လုပ်ခြင်းအပါအဝင် စီမံကိန်းအမျိုးမျိုးအတွက် အင်ဂျင်နီယာဝန် ဆောင်မှုတွေ ပေးအပ်သွားဖို့ စိတ်ဝင်စားနေကြောင်း ရုရှားသတင်းဌာနတစ်ခုဖြစ်တဲ့ Sputnik က ဖော်ပြခဲ့ပါ တယ်။
လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးဉာဏ်ထွန်း ဦးဆောင်တဲ့ မြန်မာကိုယ်စာလှယ်အဖွဲ့ဟာ RusHydro ကုမ္ပဏီပိုင်ဖြစ်တဲ့ မော်စကိုမြို့အနီးက Zagorskaya pumped storage plant (PSPP) ကို အောက်တိုဘာ ၁၃ ရက်က သွား ရောက်ကြည့်ရှုခဲ့ပြီး PSPP ရဲ့ စနစ်တွေနဲ့ ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာတွေကို သွားရောက်လေ့လာခဲ့တယ်လို့ ဆိုပါတယ်။
“ရုရှားနဲ့ မြန်မာနိုင်ငံတို့ဟာ ယနေ့ကာလမှာ စွမ်းအင်အတွက် နီးကပ်စွာပူးပေါင်းဆောင်ရွက်နေတဲ့ အချိန်ဖြစ်ပါ တယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ရွှေလီ (၃) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ (၁၀၀၀ မဂ္ဂါဝပ်)၊ နမ့်လန်းရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံ (၂၁၀ မဂ္ဂါဝပ်) နဲ့ အလယ်ပေါင်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ (၁၆၆ မဂ္ဂါဝပ်) စက်ရုံတွေအပါအဝင် မြန်မာနိုင်ငံရဲ့ ရေအားလျှပ်စစ်ဆိုင်ရာ ပရောဂျက်တွေမှာ ကျွန်တော်တို့ဘက်က အင်ဂျင်နီ ယာဆိုင်ရာ ဝန်ဆောင်မှုတွေပေးဖို့ အဆင်သင့်ရှိနေပါတယ်။” လို့ RusHydro က ပြောပါတယ်။
အဆိုပါကိစ္စရပ်တွေနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးဖို့အတွက်လည်း မြန်မာနိုင်ငံကို လာရောက်ဖို့ သဘောတူ ညီမှုရရှိခဲ့တယ်လို့ RusHydro ကုမ္ပဏီက ဆိုပါတယ်။
RusHydro ကုမ္ပဏီဟာ ရုရှားနိုင်ငံရဲ့ ဒုတိယအကြီးဆုံး ရေအားလျှပ်စစ်ကုမ္ပဏီဖြစ်ပြီး RusHydro ရဲ့ ဓာတ် အားပေးစက်ရုံတွေက လျှပ်စစ်ထုတ်လုပ်နိုင်မှု ၃၈.၄ ဂစ်ဂါဝပ်အထိရှိတယ်လို့ Sputnikက ဆိုပါတယ်။
Ref; Sputnik
#PeopleMedia