• Follow Us on

Home ရုရှားရဲ့နျူကလီးယားစစ်ရေးလေ့ကျင့်မှု နေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့ နယ်စပ်အထိ တိုးချဲ့လာ

ရုရှားရဲ့နျူကလီးယားစစ်ရေးလေ့ကျင့်မှု နေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့ နယ်စပ်အထိ တိုးချဲ့လာ

Share this post

နိုင်ငံတကာ၊ ဇွန် ၁၄

 

ယူကရိန်းနိုင်ငံအနီးမှာ ရုရှားနိုင်ငံက လက်ရှိဆောင်ရွက်နေတဲ့ နည်းဗျူဟာမြောက်နျူကလီးယားလက်နက် စစ် ရေးလေ့ကျင့်မှုတွေကို နေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့အနီးအထိ တိုးချဲ့ဆောင်ရွက်လိုက်ပါတယ်။

 

မြောက်ပိုင်းလီနင်ဂရက်စစ်ဒေသက ကြည်းတပ်ဖွဲ့ဝင်တွေနဲ့ ရေတပ်တပ်ဖွဲ့ဝင်တွေဟာ စစ်ရေးလေ့ကျင့်မှုရဲ့အ စိတ်အပိုင်းတစ်ရပ်အဖြစ် နည်းဗျူဟာမြောက်နျူကလီးယားလက်နက်တွေ အသုံးပြုနည်းကို ဇာတ်တိုက်လေ့ ကျင့်ခဲ့ကြကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

 

လီနင်ဂရက် (ကာလီနင်ဂရက်) ဒေသဟာ လစ်သူယေးနီးယား၊ နော်ဝေ၊ ပိုလန်၊ ဖင်လန်၊ လတ်ဗီးယား၊ အက်စ်တိုးနီးယားနိုင်ငံတို့နဲ့ နယ်မြေချင်း ဆက်စပ်နေတဲ့ ဒေသဖြစ်ပါတယ်။

 

အဲဒီနျူကလီးယားစစ်ရေးလေ့ကျင့်မှုကို ယူကရိန်းနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ တောင်ပိုင်းစစ်ဒေသကနေ ရုရှားနဲ့ ထိစပ်နေတဲ့ ဥရောပနိုင်ငံတွေရဲ့ နယ်စပ်ဒေသအထိ နျူကလီးယားစစ်ရေးလေ့ကျင့်မှုနယ်မြေအဖြစ် ရုရှားအစိုး ရက သိသိသာသာ တိုးချဲ့လိုက်တဲ့ လှုပ်ရှားမှုတစ်ခုလို့ မှတ်ယူထားပါတယ်။

 

ရုရှားတပ်ဖွဲ့ဝင်တွေဟာ နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်တဲ့ Iskander-M နည်းဗျူဟာမြောက်ဒုံးကျည်တွေတပ် ဆင်ထားတဲ့မော်တော်ယဉ်တွေနဲ့ အတူ သတ်မှတ်ထားတဲ့ရန်သူ့ပစ်မှတ်တွေကို ပစ်ခတ်တိုက်ခိုက်ခြင်းသင်ခန်း စာတွေကို လေ့ကျင့်ခဲ့ကြတယ်လု့ိ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

 

“စစ်ရေးလေ့ကျင့်မှုမှာပါဝင်တဲ့ ရေတပ်စစ်သင်္ဘောတွေက တပ်ဖွဲ့ဝင်တွေဟာ ရေတပ်သုံးခရုစ်ဒုံးကျည်တွေ တပ် ဆင်ပြီး သတ်မှတ်နယ်မြေအတွင်း စစ်ရေးလေ့ကျင့်သွားမှာဖြစ်ပါတယ်။” လို့ ဝန်ကြီးဌာနက ပြောပါတယ်။

 

နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံတချို့က ၎င်းတို့ထောက်ပံ့ထားတဲ့လက်နက်တွေကို အသုံးပြုပြီး ရုရှားနိုင်ငံအတွင်း ပိုင်းအထိ တိုက်ခိုက်ဖို့ ယူကရိန်းကို ခွင့်ပြုလိုက်တဲ့အတွက် နေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့ နယ်စပ်အထိ ရုရှားက အခုလို နျူကလီးယားစစ်ရေးလေ့ကျင့်မှု ဆောင်ရွက်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

 

ရုရှားအစိုးရအနေနဲ့ အနောက်နိုင်ငံတွေကို တိုက်ခိုက်ဖို့ တာဝေးပစ်လက်နက်တွေကို တခြားနိုင်ငံတွေကို ထောက်ပံ့ပေးနိုင်ကြောင်း ပြောဆိုရင်း စစ်ပွဲထဲမှာ အနောက်နိုင်ငံတွေရဲ့ ပါဝင်ပတ်သက်မှုကို ရုရှားသမ္မတ ဗလာဒီမာပူတင်က သတိပေးခဲ့ပြီးဖြစ်ပါတယ်။

 

နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ခြိမ်းခြောက်ခံလာရပြီဆိုရင် ရုရှားနိုင်ငံက နျူကလီးယားလက်နက်တွေထုတ် သုံးဖို့ အဆင်သင့်ရှိနေကြောင်းလည်း ပူတင်က ထပ်မံပြောဆိုခဲ့ပါတယ်။

 

Ref: Russia Expands Nuclear Drills to Areas Bordering NATO States

 

#PeopleMedia


Share this post