• Follow Us on

Home ရုရှားလေယာဉ်တွေ ရန်လိုနေကြောင်း ပင်တဂွန်ကလူသိရှင်ကြားစွပ်စွဲလိုက်ပြီးနောက် ဆီးရီးယားရောက် ရုရှား လေသူရဲတွေ အေးအေးလူလူ အနားယူနေ

ရုရှားလေယာဉ်တွေ ရန်လိုနေကြောင်း ပင်တဂွန်ကလူသိရှင်ကြားစွပ်စွဲလိုက်ပြီးနောက် ဆီးရီးယားရောက် ရုရှား လေသူရဲတွေ အေးအေးလူလူ အနားယူနေ

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၅

 

ဆီးရီးယားနိုင်ငံမှာ အခုနှစ်အစောပိုင်းက ရန်စတာတွေကို ရပ်တန့်သွားအောင်ဆောင်ရွက်ပြီးနောက်ပိုင်း ရုရှား တိုက်လေယာဉ်တွေဟာ အမေရိကန်တိုက်လေယာဉ်တွေကို နောက်ထပ်ရန်စတာမျိုး မရှိတော့ဘူးလို့ ဆီရီးယား မှာရှိတဲ့ အမေရိကန်လေတပ်ထိပ်တန်းအကြီးအကဲက ပြောကြားလိုက်ပါတယ်။

 

“သူတို့ရဲ့ အလွန်ဆိုးရွားလှတဲ့ အမူကျင့်ကို ကျွန်တော်တို့ လူသိရှင်ကြားထုတ်ဖော်ကြေညာလိုက်ပြီးနောက်မှာ အမူအကျင့်တွေ ပြုပြင်ပြောင်းလဲသွားတာ တွေ့ခဲ့ရပါတယ်။” လို့ အမေရိကန်လေတပ်ဗဟိုဌာနချုပ်ကို ဦးဆောင် နေတဲ့ ဒုတိယဗိုလ်ချုပ်ကြီး အလက်ဆစ်ဂရန်းကျူဝပ်က ပြောပါတယ်။

 

ရုရှားလေယာဉ်တွေဟာ အမေရိကန်ဂျက်တိုက်လေယာဉ်တွေနဲ့ လေယာဉ်ချင်းစီးချင်းထိုးတိုက်ပွဲဝင်ဖို့ ကြိုးစားခဲ့ ကြောင်း ဧပြီလအတွင်းက ဒုတိယဗိုလ်ချုပ်ကြီး အလက်ဆစ်ဂရန်းကျူဝပ်က Defense One မီဒီယာကို ပြောပါ တယ်။

 

အမေရိကန် MQ-9 ဒရုန်းတွေကို နှောင့်ယှက်တာအပါအဝင် ရန်စမှုအမျိုးမျိုးပြုလုပ်ပြီးနောက် အမေရိကန်လေ တပ်က ဇူလိုင်လအတွင်း အရှေ့အလယ်ပိုင်းဒေသကို F-22 ဂျက်တိုက်လေယာဉ်တွေ ပေးပို့ခဲ့ပါတယ်။

 

ရုရှားတွေရဲ့ အမူအကျင့်ဟာ ပရော်ဖက်ရှင်နယ်မဆန်တုန်းပဲဖြစ်ပေမဲ့ အခြေအနေအားလုံးဘေးကင်းလုံခြုံမှုရှိ ကြောင်း ဗုဒ္ဓဟူးနေ့ကကျင်းပခဲ့တဲ့ စစ်ဘက်ဆိုင်ရာစာရေးဆရာများအုပ်စုအခမ်းအနားတစ်ခုမှာ ဒုတိယ ဗိုလ် ချုပ်ကြီး အလက်ဆစ်ဂရန်းကျူဝပ်က ပြောပါတယ်။

 

“ပြီးခဲ့တဲ့လအတွင်းက တင်းမာမှုတွေကို ကြီးကြီးမားမားလျော့ကျစေတဲ့ အမူအကျင့်တချို့ပြောင်းလဲလာတာကို ကျွန်တော်တို့ တွေ့မြင်ခဲ့ရတယ်လို့ ပြောချင်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

အရှေ့အလယ်ပိုင်းဒေသမှာ အရပ်ဘက်သင်္ဘောတွေကို ဖမ်းဆီးထိန်းသိမ်းဖို့ အီရန်နိုင်ငံက ကြိုးပမ်းခဲ့တာ ကြောင့် ဟော်မုဇ်ရေလက်ကြားဝန်းကျင်တစ်ဝိုက် အီရန်တပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့အတွက် အခုနှစ်နွေရာသီအတွင်း အဲဒီဒေသကို F-22 ဂျက်တိုက်လေယာဉ်တွေအပြင် F-35 ဂျက်တိုက်လေယာဉ်တွေ၊ F-16 ဂျက်တိုက်လေယာဉ်တွေနဲ့ ဖျက်သင်္ဘောတစ်စီးကို အမေရိကန်အစိုးရက စေလွှတ်ခဲ့ပါတယ်။

 

အမေရိကန်အစိုးရက အခုလိုဆောင်ရွက်လိုက်တဲ့အတွက် အီရန်တပ်တွေ အရပ်ဘက်သင်္ဘောတွေကို ဖမ်းဆီး သိမ်းပိုက်တာမျိုးတွေ နောက်ထပ်မလုပ်နိုင်အောင် ဟန့်တားနိုင်ခဲ့တယ်လို့ ဂရန်းကျူဝပ်က ပြောပါတယ်။

 

“F-35 ဂျက်တိုက်လေယာဉ်တွေ ပြဿနာရှိလို့ အဲဒီတပ်ဖွဲ့ဝင်တွေ ပြန်သွားတယ်ဆိုတာတောင် အဲဒီလိုပြန်သွား တာက ယာယီပါပဲ။ ဒီလိုပြန်သွားတာကြောင့် ငါတို့အတွက်လမ်းကြောင်း ပွင့်သွားပြီလို့ အီရန်ဘက်က ထင်ရင် တော့ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒီနေရာကို လိုလိုလားလား ပြန်လာဖို့ ဆန္ဒရှိနေပြီး နောက်ထပ်တစ်ကြိမ် တပ်တွေကို ချက်ချင်းအင်အားတိုးမြှင့်ချထားနိုင်တယ်ဆိုတာ သိဖို့လိုပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

အိုင်အက်စ် (ISIS) အကြမ်းဖက်အဖွဲ့နဲ့ပတ်သက်ပြီး မေးမြန်းတဲ့အခါ ဆီးရီးယားမှာ အိုင်အက်စ်အုပ်စုဆိုတာ ၎င်းတို့အတွက် စိုးရိမ်စရာမဟုတ်ကြောင်း၊ အိုင်အက်စ်တွေလည်ပင်းကို စစ်ဘိနပ်နဲ့ နင်းခဲ့ပြီးဖြစ်ကြောင်း၊ နောက်ထပ်လိုအပ်ရင်လည်း ထပ်မံချေမှုန်းသွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

Ref: Russian pilots chill in Mideast skies after Pentagon’s name-and-shame effort

 

#PeopleMedia


Share this post