ရုရှားသင်္ဘောတွေကို စောင့်ကြည့်ဖို့ အမေရိကန်ရေတပ်သင်္ဘောတွေ တပ်ဖြန့်ချထား
PUBLISHED - June 12, 2024
နိုင်ငံတကာ၊ ဇွန် ၁၂
ရုရှားစစ်သင်္ဘောတွေ ကျူးဘားနိုင်ငံကို ခုတ်မောင်းသွားရာမှာ ဖလော်ရီဒါကမ်းခြေအနီးက ဖြတ်သန်းသွားတဲ့ အတွက် ရုရှားရေတပ်ရဲ့စစ်ရေးလေ့ကျင့်မှုကို ခြေရာခံစောင့်ကြည့်နိုင်ဖို့ အမေရိကန်ရေတပ်က စစ်သင်္ဘောတွေ နဲ့ လေယာဉ်တွေကို တပ်ဖြန့်ချထားလိုက်ပါတယ်။
အမေရိကန်ကမ်းခြေနဲ့ မိုင် ၃၀ ကျော်ဝေးတဲ့နေရာက ရုရှားစစ်သင်္ဘောတွေဖြတ်သွားတာကို ဘိုင်ဒန်အစိုးရက စိုးရိမ်မှုမရှိပေမဲ့ အမေရိကန်ရေတပ်ကတော့ ဖျက်သင်္ဘောသုံးစီးနဲ့ ရေငုပ်သင်္ဘောကင်းထောက်လေယာဉ်တစ် စင်းကို တပ်ဖြန့်ချထားလိုက်ကြောင်း အမေရိကန်ရေတပ်အရာရှိတွေက Miami Herald သတင်းစာကို ပြောပါ တယ်။
“ရုရှားစစ်သင်္ဘောတွေဟာ နိုင်ငံတကာရေပိုင်နက်အတွင်းက အတ္တလန်တိတ်သမုဒ္ဒရာကို ဖြတ်သန်းသွားတဲ့အ တွက် လုပ်ထုံးလုပ်နည်းနဲ့အညီ ကျွန်တော်တို့ အဲဒီစစ်သင်္ဘောတွေကို ဂရုတစိုက်စောင့်ကြည့်နေပါတယ်။ အမေ ရိကန်ပြည်ထောင်စုနဲ့ ကနေဒါနိုင်ငံတို့ကို ကာကွယ်နိုင်ဖို့ အမေရိကန်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကွပ်ကွဲမှု အောက်ရှိ လေယာဉ်နဲ့ စစ်သင်္ဘောတွေဟာ စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေပါတယ်။” လို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (NORTHCOM) အရာရှိတစ်ဦးက Miami Herald သတင်းစာကို ပြောပါတယ်။
“ရုရှားစစ်သင်္ဘောတွေရဲ့လှုပ်ရှားမှုဟာ ပုံမှန်ပြုလုပ်နေကျ စစ်ရေးလေ့ကျင့်မှုဖြစ်ပြီး အမေရိကန်ပြည်ထောင်စုကို တိုက်ရိုက်ခြိမ်းခြောက်တာ မရှိပါဘူး။” လို့ NORTHCOM က ပြောပါတယ်။
အမေရိကန်ရေတပ်က ဖျက်သေင်္ဘာသုံးစီးဖြစ်တဲ့ USS Truxtun ၊ USS Donald Cook နဲ့ USS Delbert D. Black တို့ဖြစ်ပြီး ကမ်းခြေစောင့်တပ်က USCGC Stone သင်္ဘောတစ်စီးအပြင် Boeing P-8 ကင်းလှည့်လေ ယာဉ်တစ်စင်းတို့ကို တပ်ဖြန့်ချထားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က ရုရှားနိုင်ငံက စစ်သင်္ဘောသုံးစီးနဲ့ နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောတစ်စီးကို ကရစ်ဘီယန်ပင်လယ်ထဲမှာ တပ်ဖြန့်ထားခဲ့ပါတယ်။
အဲဒီသင်္ဘောတွေဟာ ဇွန်လ ၁၂ ရက်နေ့မှာ ကျူးဘားနိုင်ငံကို ရောက်ရှိမှာဖြစ်ပြီး ကရစ်ဘီယန်ပင်လယ်ထဲမှာ စစ်ရေးလေ့ကျင့်မှုပြုလုပ်မှာဖြစ်ပါတယ်။
အဲဒီသင်္ဘောတွေထဲက နှစ်စီးဟာ နျူကလီးယားလက်နက်နဲ့ ဒုံးကျည်တွေ သယ်လာနိုင်ပေမဲ့ အဲဒီရုရှားစစ် သေင်္ဘာတွေတစ်စီးမှာ နျူကလီးယားလက်နက်ကတွေ သယ်ဆောင်လာခြင်းမရှိတဲ့အတွက် ဒေသတွင်း ခြိမ်း ခြောက်မှုမဟုတ်ကြောင်း ကျူးဘားနိုင်ငံက ပြောပါတယ်။
Ref: US Navy Deploys Warships After Russian Fleet Nears Florida Coast En-Route to Cuba
#PeopleMedia