• Follow Us on
Latest News

Home ရုရှားသမ္မတနှင့် တွေ့ဆုံရန် မြောက်ကိုရီးယားခေါင်းဆောင် ရထားဖြင့် ရုရှားနယ်စပ်ရောက်ရှိနေ

ရုရှားသမ္မတနှင့် တွေ့ဆုံရန် မြောက်ကိုရီးယားခေါင်းဆောင် ရထားဖြင့် ရုရှားနယ်စပ်ရောက်ရှိနေ

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁၂

 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းကို တင်ဆောင်လာတဲ့ ရထားဟာ ရုရှားနိုင်ငံထဲကို ဖြတ်ကျော်ဝင် ရောက်ခဲ့တယ်လို့ ရုရှားနိုင်ငံပိုင်သတင်းဌာန RIA က တရားဝင်ဖော်ပြပါတယ်။

 

ပူတင်နဲ့ ကင်ဂျုံအန်းတို့ဟာ လာမယ့်ရက်ပိုင်းအတွင်း တွေ့ဆုံသွားမယ်လို့ ကရင်မလင်နန်းတော်က ပြောကြား ခဲ့ပေမယ့် ဘယ်နေရာမှာ တွေ့ဆုံမလဲဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပါဘူး။

 

ကင်ဂျုံအန်းဟာ နိုင်ငံရပ်ခြားကို ခရီးမထွက်ခဲ့တာ လေးနှစ်ရှိပြီးဖြစ်ပြီး သူ့ရဲ့ ပထမဆုံးခရီးစဉ်မှာ သူအနှစ်သက် ဆုံး သယ်ယူပို့ဆောင်ရေးပုံစံဖြစ်တဲ့ ကိုယ်ပိုင်ရထားနဲ့ ရုရှားကို သွားရောက်နေတာဖြစ်ပါတယ်။

 

ရထားကို သံချပ်ကာလို့ ယူဆရပြီး နိုင်ငံပိုင်မီဒီယာက မျှဝေထားတဲ့ ဓာတ်ပုံတွေကို အဝါရောင်အနားသပ်နဲ့ အစိမ်းရောင်ခြယ်ထားတဲ့ ရှေးခေတ်ရထားတွေကို ပြသထားပါတယ်။

 

ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ မြောက်ကိုရီယားခေါင်းဆောင် ကင်ဂျုံအန်းတို့ တွေ့ဆုံမှုအပေါ် အနောက်နိုင်ငံ ခေါင်းဆောင်တွေက စိုးရိမ်မှုတွေရှိနေသလို အမေရိကန်ကလည်း ရုရှားကို လက်နက်မထောက်ပံ့ဖို့ မြောက်ကို ရီးယားကို သိပေးထားပါတယ်။

 

ကင်ဂျုံအန်းဟာ ယူကရိန်းစစ်ပွဲအတွင်း ရုရှားနိုင်ငံကို ခဲယမ်းလက်နက်တွေ ထောက်ပံ့ပြီး ရုရှားရဲ့ စီးပွားရေး အကူအညီနဲ့ စစ်ရေးနည်းပညာတွေကို ရယူဖို့ မျှော်လင့်ထားတယ်ဆိုတဲ့ သတင်းတွေလဲ ထွက်နေပါတယ်။

 

မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာဓာတ်ပုံတွေမှာ ကင်ဂျုံအန်းက ပူတင်ကို ဘယ်လိုအရာတွေ ပေးချင်နေ သလဲဆိုတာ အရိပ်အမြွက်ဖော်ပြနိုင်တယ်လို့ အေပီသတင်းက သုံးသပ်ထားပါတယ်။

 

ကင်ဟာ မကြာသေးမီက အမြောက်ကျည်နဲ့ ဒုံးကျည်တွေ ထုတ်လုပ်တဲ့ စက်ရုံတွေကို သွားရောက်လည် ပတ်ခဲ့ပြီး အာဏာရပါတီအရာရှိ ခဲယမ်းဆိုင်ရာ မူဝါဒတာဝန်ခံတစ်ဦး လိုက်ပါသွားခဲ့ကြောင်း အေပီက ဖော်ပြ ထားပါတယ်။

 

မြောက်ကိုရီးယားဟာ ယူကရိန်းမှာရှိတဲ့ ရုရှားစစ်တပ်ကို ကြီးမားစွာ တွန်းအားပေးနိုင်တဲ့ ဆိုဗီယက် ဒီဇိုင်း တွေကို အခြေခံတဲ့ မြောက်ကျည်တွေနဲ့ ဒုံးပျံသန်းပေါင်းများစွာရှိနိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

 

ကင်ဂျုံအန်းနဲ့အတူ ရုရှားကို လိုက်ပါသွားတဲ့အထဲမှာ မြောက်ကိုရီးယား အာကာသသိပ္ပံနှင့် နည်းပညာကော် မတီဥက္ကဋ္ဌ ပါ့ခ်သဲဆောင် နဲ့ သူလျှိုဂြိုလ်တုတွေနဲ့  နျူကလီးယားပစ်လွှတ်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည် ရေငုပ် သင်္ဘောတွေ ရယူဖို့ မြောက်ကိုရီယားကြိုးပမ်းမှုတွေနဲ့ ဆက်စပ်နေတဲ့ ရေရေတပ်ဗိုလ်ချုပ် ကင်မ်မြွန်ဆစ်လဲ ပါဝင်တယ်လို့ ဆိုပါတယ်။

 

မြောက်ကိုရီးယားအနေနဲ့ ပြင်ပအကူအညီမပါဘဲ ဒီလိုစွမ်းရည်တွေ ရယူဖို့ ခက်ခဲမယ်ဆိုပေမယ့် ရုရှားက ဒီလို  ထိလွယ်ရှလွယ်သော နည်းပညာများကို မျှဝေပေးမလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

 

ref; AP

 

#PeopleMedia


Share this post