• Follow Us on

Home ရုရှားသမ္မတပူတင် ဗီယက်နမ်ကို နိုင်ငံတော်ခရီးစဉ်အဖြစ် ရောက်ရှိ

ရုရှားသမ္မတပူတင် ဗီယက်နမ်ကို နိုင်ငံတော်ခရီးစဉ်အဖြစ် ရောက်ရှိ

Share this post

နိုင်ငံတကာ၊ ဇွန် ၂၀

 

ရုရှားသမ္မတဗလာဒီမာပူတင်ဟာ မြောက်ကိုရီးယားနဲ့ ကာကွယ်ရေးစာချုပ်ချုပ်ဆိုပြီးနောက် ကြာသပတေးနေ့ (ဇွန်လ ၂၀ ရက်နေ့) မနက်ပိုင်းက ဗီယက်နမ်နိုင်ငံကို ရောက်ရှိလာပါတယ်။

 

လေကြောင်းခရီးစဉ်နဲ့ ရောက်ရှိလာတဲ့ သမ္မတပူတင်ကို ဗီယက်နမ်ဒုတိယဝန်ကြီးချုပ် ထရန်ဟောင်ဟာက လှိုက်လှဲနွေးထွေးစွာ ဂုဏ်ပြုကြိုဆိုခဲ့ပါတယ်။

 

ယူကရိန်းစစ်ပွဲဖြေရှင်းနိုင်ရေးအတွက် လက်တွေ့ဆန်တဲ့နည်းလမ်းတစ်ခုကို အားပေးထောက်ပံ့ခဲ့တဲ့အတွက် ဗီ ယက်နမ်နိုင်ငံကို သမ္မတပူတင်က ချီးကျူးခဲ့ကြောင်း ဗီယက်နမ်ကွန်မြူနစ်ပါတီသတင်းစာမှာ ဖော်ပြထားပါ တယ်။

 

ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ ဆက်ဆံရာမှာ “လေယူရာတိမ်းယိမ်းနွဲ့တဲ့ bamboo diplomacy” လို့ အမည်ပေး ထားတဲ့ ဘက်မလိုက်မူဝါဒကို တရားဝင်ကျင့်သုံးနေတဲ့ ဗီယက်နမ်နိုင်ငံဟာ ယူကရိန်းကို ရုရှားနိုင်ငံက တိုက် ခိုက်ခဲ့တာကို အပြစ်မပြောဘဲ လက်ရှောင်နေခဲ့ပါတယ်။

 

အဲဒီလို လက်ရှောင်နေခဲ့တဲ့အတွက် ဗီယက်နမ်ကို ရုရှားနဲ့ အလွန်အမင်းရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့နိုင်ငံအဖြစ် အနောက်အုပ်စုက ရှုမြင်ထားပါတယ်။

 

မေလအတွင်း ပဉ္စမမြောက်သက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုပြီးကတည်းက ရုရှားသမ္မတပူတင်လာရောက် လည်ပတ်ခဲ့တဲ့နိုင်ငံတွေထဲမှာ တရုတ်နဲ့ မြောက်ကိုရီးယားပြီးရင် ဗီယက်နမ်က တတိယမြောက်နိုင်ငံဖြစ်ပါတယ်။

 

ဗီယက်နမ်နိုင်ငံကတော့ ၂၀၁၇ ခုနှစ်ကတတည်းက ပထမဦးဆုံးအကြိမ်အဖြစ် လာရောက်လည်ပတ်တဲ့ သမ္မတ ပူတင်ကို နိုင်ငံတော်အဆင့် ခမ်းခမ်းနားနားကြိုဆိုဖို့အတွက် အလုံးစုံအဆင့်မြှင့်ပြင်ဆင်ထားတာဖြစ်ပါတယ်။

 

ဗီယက်နမ်ထိပ်တန်းခေါင်းဆောင်တွေနဲ့ ဆွေးနွေးသွားမယ့်အပြင် သမ္မတပူတင်ဟာ ဗီယက်နမ်နိုင်ငံတည် ထောင်ခဲ့တဲ့ ဟိုချီမင်းဂူဗိမာန်မှာ လွမ်းသူ့ပန်းခွေချ ဂါရဝပြုပွဲကိုလည်း တက်ရောက်သွားမှာဖြစ်ပါတယ်။

 

Ref: Russian President Putin arrives in Vietnam for state visit

 

#PeopleMedia


Share this post