• Follow Us on
Latest News

Home ရုရှားသမ္မတဗလာဒီမာပူတင်က နစကဥက္ကဋ္ဌအား Order of Alexander Nevsky ဘွဲ့နှင့် နစကဒုဥက္ကဋ္ဌအား Order of Friendship ဘွဲ့ချီးမြှင့်

ရုရှားသမ္မတဗလာဒီမာပူတင်က နစကဥက္ကဋ္ဌအား Order of Alexander Nevsky ဘွဲ့နှင့် နစကဒုဥက္ကဋ္ဌအား Order of Friendship ဘွဲ့ချီးမြှင့်

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၆

 

ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား Order of Alexander Nevsky ဘွဲ့တံဆိပ်နှင့် ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းအား Order of Friendship ဘွဲ့တံဆိပ်တို့ ချီး မြှင့်လိုက်ကြောင်း သိရသည်။

 

ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်က ချီးမြှင့်အပ်နှင်းသည့် Order of Alexander Nevsky ဘွဲ့တံဆိပ်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ လုံခြုံရေးကောင်စီအတွင်းရေးမှူး Mr. Nikolai PATRUSHEV ယမန်နေ့မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လာရောက် တွေ့ဆုံအပ်နှင်းခဲ့သည်။

 

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရုရှားဖက်ဒ ရေးရှင်းနိုင်ငံလုံခြုံရေးကောင်စီ အတွင်းရေးမှူးဦးဆောင်သည့် အဖွဲ့ဝင်များအား မိမိအနေဖြင့် လှိုက်လှဲနွေး ထွေးစွာ ကြိုဆိုပါကြောင်း ဦးစွာပြောကြားသည်။

 

ဆက်လက်ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံလုံခြုံရေးကောင်စီ အတွင်းရေးမှူးက ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင်က ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများဖွံ့ဖြိုး တိုးတက်ရေး အတွက် တန်ဖိုးကြီးမားသော ကြိုးပမ်းမှုများ ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား Order of Alexander Nevsky ဘွဲ့တံဆိပ်ကို လည်းကောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းအား Order of Friendship ဘွဲ့တံဆိပ်ကိုလည်းကောင်းချီးမြှင့်အပ်နှင်းခဲ့ကြောင်း၊ ရုရှားဖက်ဒရေး ရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်က ချီးမြှင့်ခဲ့သည့် ဘွဲ့တံဆိပ်များကို လက်ရောက်အပ်နှင်းလို ပါကြောင်းဖြင့် ပြောကြားသည်။

 

ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီ အတွင်းရေးမှူးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်က ချီးမြှင့် အပ်နှင်းသည့် Order of Alexander Nevsky ဆုတံဆိပ်ကိုလက်ရောက် အပ်နှင်းခဲ့သည်။ ယင်းနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီ အတွင်းရေးမှူးက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းထံ Order of Friendship ဘွဲ့တံဆိပ်ကို လက်ရောက်အပ်နှင်းခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတ ဗလာဒီမာပူတင်က ပေးအပ်သည့် ဘွဲ့တံဆိပ်ကို လက်ခံရရှိသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့သည်။

 

#PeopleMedia


Share this post