• Follow Us on
Latest News

Home ရုရှားသမ္မတ ပူတင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ လာမယ့်အောက်တိုဘာလအတွင်း ပေကျင်းမြို့မှာ တွေ့ဆုံ မယ်လို့ ရုရှားအတည်ပြု

ရုရှားသမ္မတ ပူတင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ လာမယ့်အောက်တိုဘာလအတွင်း ပေကျင်းမြို့မှာ တွေ့ဆုံ မယ်လို့ ရုရှားအတည်ပြု

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၀

 

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ လာမယ့်အောက်တိုဘာလအတွင်း တရုတ်နိုင်ငံကို သွားရောက်ကာ တရုတ် သမ္မတရှီကျင့်ဖျင်နဲ့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး နီကိုလိုင် ပက်ထ ရစ်ရှပ်ဗ်က အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။

 

“ပေကျင်းမြို့မှာပြုလုပ်မယ့် ခေါင်းဆောင်နှစ်ဦးရဲ့ တွေ့ဆုံမှုအတွင်း စေ့စေ့စပ်စပ် အပြန်အလှန်ဆွေးနွေးမှု တွေပြုလုပ်သွားဖို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။” လို့ မော်စကိုမှာပြုလုပ်တဲ့ တရုတ်ထိပ်တန်းသံတမန် ဝမ်ယိနဲ့ တွေ့ဆုံမှုအတွင်း ပက်ထရစ်က ပြောပါတယ်။

 

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး(ICC) က စစ်ရာဇဝတ်မှုနဲ့ ဖမ်းဝရမ်းထုတ်ပြီးကတည်းက ပြည်ပခရီးစဉ် တွေမထွက်ခွာခဲ့တဲ့ သမ္မတပူတင်ဟာ လာမယ့်အောက်တိုဘာလအတွင်း တရုတ်နိုင်ငံမှာပြုလုပ်သွားမယ့် Belt and Road ဖိုရမ်ကို လူကိုယ်တိုင် တက်ရောက်သွားမယ်လို့ သိရပါတယ်။

 

ref; reuters

 

#PeopleMedia


Share this post