• Follow Us on

Home ရုရှားသိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားကျွန်းဆွယ်က သင်္ဘောကျင်းတစ်ခုကို ယူကရိန်းက ဒုံးကျည်တွေနဲ့ တိုက် ခိုက်

ရုရှားသိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားကျွန်းဆွယ်က သင်္ဘောကျင်းတစ်ခုကို ယူကရိန်းက ဒုံးကျည်တွေနဲ့ တိုက် ခိုက်

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၆

 

ရုရှားတွေသိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားကျွန်းဆွယ်အရှေ့ဘက်ကမ်းခြေမှာရှိတဲ့ သင်္ဘောကျင်းတစ်ခုကို ယူက ရိန်းနိုင်ငံက ခရုစ်ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် သင်္ဘောတစ်စီးနဲ့ သင်္ဘောကျင်း ထိခိုက်ပျက်စီး ခဲ့ကြောင်း ရုရှားနိုင်ငံက တနင်္ဂနွေနေ့ (နိုဝင်ဘာလ ၅ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

အခုနှစ် နွေဦးကာလ ယူကရိန်းရဲ့တန်ပြန်ထိုးစစ်တွေစတင်ကတည်းက ယူကရိန်းအစိုးရဟာ ရုရှားရဲ့ ပင်လယ် နက်ရေတပ်အုပ်စုကို တိုက်ခိုက်ဖို့ကြိုးပမ်းတဲ့အနေနဲ့ ခရိုင်းမီးယားကျွန်းဆွယ်ကို အရှိန်မြှင့်တိုက်ခိုက်ခဲ့ပါတယ်။

 

“နိုဝင်ဘာလ ၄ ရက်နေ့မှာ ယူကရိန်းစစ်တပ်က ခရုစ်ဒုံးကျည် ၁၅ စင်းနဲ့ ကာ့ချ်မြို့က B.E. Butoma (Zaliv) သင်္ဘောကျင်းကို ပစ်ခတ်ခဲ့ပါတယ်။” လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

 

“ရုရှားလေကြောင်းရန်ကာကွယ်ရေးက ယူကရိန်းဒုံးကျည် ၁၃ စင်းကို ပစ်ချနိုင်ခဲ့ပါတယ်။ ရန်သူ့ခရုစ်ဒုံးကျည် ပစ်ခတ်မှုကြောင့် သင်္ဘောကျင်းမှာရပ်ထားတဲ့ သင်္ဘောတစ်စီး ထိခိုက်ပျက်စီးခဲ့ပါတယ်။” လို့ ကာကွယ်ရေးဝန် ကြီးဌာနက ပြောပါတယ်။

 

လေကြောင်းရန်ကာကွယ်ရေးကပစ်ချလိုက်တဲ့ ရန်သူ့ဒုံးကျည်အစိတ်အပိုင်းတွေ အနီးနားက သင်္ဘောကျင်းကို ပြုတ်ကျခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရခဲ့သူ တစ်ဦးမှ မရှိကြောင်း ရုရှားအစိုးရခန့်အပ်ထားတဲ့ ခရိုင်းမီးယားကျွန်းဆွယ် အုပ်ချုပ်ရေးမှူး ဆာဂျီအက်စ်ယိုနော့ဗ်က ပြောပါတယ်။

 

ယူကရိန်းတပ်ဖွဲ့တွေ အရင်ကပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ ရုရှားကုန်းမြေနဲ့ဆက်သွယ်ထားတဲ့ ခရိုင်းမီးယားတံ တားကိုတော့ အကြောင်းပြချက်မပေးဘဲ စနေနေ့က ပိတ်ပစ်ခဲ့ပါတယ်။

 

စနေနေ့က အဲဒီဒုံးကျည်တိုက်ခိုက်မှုတွေကို ၎င်းတို့ဘက်ကဆောင်ရွက်ခဲ့တာဖြစ်ကြောင်း ယူကရိန်းအစိုးရက တနင်္ဂနွေနေ့မှာ အတည်ပြုကြေညာခဲ့ပါတယ်။

 

“နိုဝင်ဘာလ ၄ ရက်နေ့က ယာယီသိမ်းပိုက်ခံ ကာ့ချ်မြို့မှာရှိတဲ့ ဇာလစ်ဗ်သင်္ဘောကျင်းကို ယူကရိန်းတပ်မတော် က ဒုံးကျည်တွေနဲ့ အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ပါတယ်။” လို့ ယူကရိန်းစစ်တပ်က ပြောပါတယ်။

 

Ref: Ukraine Strikes Shipyard in Russian-Annexed Crimea

 

#PeopleMedia


Share this post