ရုရှားဟာ ကိုယ့်နိုင်ငံသားတွေကို ယူကရိန်းစစ်ပွဲအသားကြိတ်စက်ထဲ ထိုးထည့်နေတယ်လို့ ဗြိတိန်ဝန်ကြီးချုပ်ပြော
PUBLISHED - September 26, 2024
နိုင်ငံတကာ၊ စက်တင်ဘာ ၂၆
ရုရှားအစိုးရဟာ ၎င်းတို့ရဲ့ပြည်သူတွေကို ယူကရိန်းစစ်ပွဲက အသားကြိတ်စက်ထဲထိုးထည့်နေတယ်လို့ ဗုဒ္ဓဟူး နေ့ (စက်တင်ဘာ ၂၅ ရက်နေ့) က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးမှာ ဗြိတိန်ဝန်ကြီး ချုပ် ကီးစတားမားက ပြောကြားလိုက်ပါတယ်။
ယူကရိန်းစစ်ပွဲမှာ ရုရှားတပ်ဖွဲ့ဝင် ကျဆုံး/ဒဏ်ရာ အင်အားဟာ ၆၀၀,၀၀၀ ရှိသွားပြီဖြစ်တဲ့အတွက် ရုရှားအစိုးရ အနေနဲ့ ကုလသမဂ္ဂဌာနချုပ်မှာ ဘယ်လိုမျက်နှာပြမလဲလို့ စတားမားက မေးခွန်းထုတ်လိုက်ပါတယ်။
“ဟောဒီနေရာမှာ ထိုင်နေတဲ့သူတွေ ကိုင်စွဲထားတဲ့ ကုလသမဂ္ဂပဋညဉ်စာတမ်းထဲမှာ ဖော်ပြထားတာက လူသား ရဲ့ဂုဏ်သိက္ခာကို ဖော်ပြထားတာဖြစ်တယ်။ ကိုယ့်နိုင်ငံသား ပြည်သူတွေကို အပိုင်းပိုင်းအတစ်တစ်ဖြစ်သွား အောင် အသားကြိတ်စက်ထဲထည့်သလို ဆက်ဆံဖို့ မဟုတ်ဘူး။” လို့ ၎င်းက ပြောပါတယ်။
စတားမား စကေားပြောနေတဲ့အချိန်မှာ ကုလသမဂ္ဂဆိုင်ရာ ရုရှားနိုင်ငံဒုတိယသံအမတ် ဒီမီထရီပိုလီယန်စကီး က လက်ကိုရှေ့ချ ခေါင်းငုံ့ပြီး သူ့ရှေ့က စာရွက်တွေကိုသာ ငုံ့ကြည့်နေပါတယ်။
တပြိုင်တည်းမှာပဲ အီရန်ထောက်ပံ့ထားတဲ့ စစ်သွေးကြွအုပ်စုတွေနဲ့ စစ်မျက်နှာ နှစ်ခုဖွင့်ပြီး အစ္စရေးကတိုက်ခိုက် နေတဲ့နေရာဖြစ်တဲ့ လက်ဘနွန်နဲ့ ဂါဇာဒေသမှာလည်း ချက်ချင်း အပစ်အခတ်ရပ်စဲဖို့ စတားမားက တောင်းဆို လိုက်ပါတယ်။
“အစ္စရေးနဲ့ ဟစ်ဘိုလာအဖွဲ့ကြား အပစ်အခတ် ချက်ချင်းရပ်စဲဖို့ လိုအပ်သလို နိုင်ငံရေးအရ ဖြေရှင်းမယ့် အစီ အစဉ်တစ်ရပ်ကို အကောင်အထည်ဖော်ဖို့လည်း လိုအပ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
“လုံခြုံရေးဟာ သံတမန်နည်းလမ်းကတစ်ဆင့်ပဲ လာမှာပါ။ တင်းမာမှုတွေကတစ်ဆင့် မလာပါဘူး။ ဒီနေရာမှာ စစ်ရေးနည်းနဲ့ လုံးဝ ဖြေရှင်းလို့မရသလို ဂါဇာဒေသက ပဋိပက္ခတွေကိုဖြေရှင်းရာမှာလည်း စစ်ရေးနည်းလမ်း တစ်ခုတည်းကို အသုံးပြုလို့မရပါဘူး။ ဓားစာခံတွေအားလုံးပြန်လွှတ်ပေးဖို့နဲ့ ဂါဇာဒေသမှာ ချက်ချင်း အပစ်အ ခတ်ရပ်စဲဖို့အတွက် လုံခြုံရေးကောင်စီက ထပ်မံတောင်းဆိုရမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
Ref: Russia Throwing Citizens into Ukraine Meat Grinder: UK PM
#PeopleMedia