• Follow Us on
Latest News

Home ရုရှားဟာ ပင်လယ်နက်ထဲမှာ နေတိုးအဖွဲ့နဲ့ စစ်ဖြစ်အောင် အစပျိုးနေတယ်လို့ နေတိုးအဖွဲ့စစ်ခေါင်းဆောင် ဟောင်း ပြော

ရုရှားဟာ ပင်လယ်နက်ထဲမှာ နေတိုးအဖွဲ့နဲ့ စစ်ဖြစ်အောင် အစပျိုးနေတယ်လို့ နေတိုးအဖွဲ့စစ်ခေါင်းဆောင် ဟောင်း ပြော

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၇

 

ရုရှားနိုင်ငံဟာ နိုင်ငံတကာရေပိုင်နက်ထဲမှာ သင်္ဘောတွေကိုကြားဖြတ်ဟန့်တားကာ ယူကရိန်းနိုင်ငံကို စီးပွား ရေးအရ ထိန်းချုပ်ဖို့ကြိုးစားရင်း နေတိုးအဖွဲ့နဲ့ တိုက်ရိုက်စစ်မက်ဖြစ်ပွားဖို့ အစပျိုးနေကြောင်း နေတိုးအဖွဲ့ရဲ့စစ် ရေးခေါင်းဆောင်ဟောင်းက သတိပေးပြောကြားလိုက်ပါတယ်။

 

တနင်္ဂနွေနေ့ (သြဂုတ်လ ၁၃ ရက်နေ့) က တူရကီသင်္ဘောတစ်စီးပေါ်ကို တက်ရောက်ခဲ့တာအပါအဝင် ပင် လယ်ပြင်မှာတင်းမာမှုတွေမြင့်တက်လာတာဟာ ယူကရိန်းနိုင်ငံရဲ့စီးပွားရေး ဆိုးဆိုးရွားရွားပျက်စီးမသွားအောင် ကာကွယ်ဖို့အတွက် ကြားဝင်ဆောင်ရွက်ဖို့ ယူကရိန်းရဲ့မိတ်ဖက်နိုင်ငံတွေကို ဖိအားပေးလိုက်တာဖြစ်ကြောင်း အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီးဟောင်း ဂျိမ်းစတားဗစ်ဒစ်က ပြောပါတယ်။

 

အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီးဟောင်း ဂျိမ်းစတားဗစ်ဒစ်ဟာ ၂၀၀၉ ခုနှစ်နဲ့ ၂၀၁၃ ခုနှစ်ကြားမှာ နေတိုးတပ်ဖွဲ့ တွေကို ဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်ပါတယ်။

 

“ပင်လယ်နက်ထဲက နိုင်ငံတကာရေပိုင်နက်ထဲမှာ ရုရှားနိုင်ငံကဆောင်ရွက်ခဲ့တဲ့လုပ်ရပ်ဟာ နေတိုးအဖွဲ့နဲ့ ရုရှား နိုင်ငံကြား စစ်ပွဲတစ်ပွဲဖြစ်ပွားလာဖို့အတွက် တင်းမာမှုတွေမြင့်တက်လာအောင် ဖန်တီးခဲ့တာဖြစ်ပါတယ်။” လို့ ဗိုလ်ချုပ်ကြီးဟောင်း ဂျိမ်းစတားဗစ်ဒစ်က ပြောပါတယ်။

 

“နေတိုးအဖွဲ့ဟာ ယူကရိန်းနိုင်ငံအတွက် ရှိသမျှလက်နက်တွေနဲ့ ငွေကြေးတွေကို ထောက်ပံ့သွားမှာမဟုတ်ပါ ဘူး။ ရုရှားနိုင်ငံက ပင်လယ်ထဲမှာ တရားမဝင်ပိတ်ဆို့ပြီး သူတို့အကျိုးစီးပွားအတွက် ကာကွယ်နေတာကိုပဲ စောင့်ကြည့်နေတာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ရုရှားနိုင်ငံအနေနဲ့ ပါလာအလံတပ်ဆင်ထားပြီး ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးက တူရကီသင်္ဘောလို့ပြောတဲ့ “ဆူကရူအိုကန်” အမည်ရှိ ကုန်တင်သင်္ဘောတစ်စီးကို တက်ရောက်မစစ်ဆေးမီ သတိပေးပစ်ခတ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အင်္ဂါနေ့က အတည်ပြုပြောကြားခဲ့ပါတယ်။

 

အဲဒီကုန်တင်သင်္ဘောကို နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ တူရကီနိုင်ငံရဲ့ ကမ်းလွန်ပင်လယ်ပြင် ပင်လယ် နက် အနောက်တောင်ဘက်မှာ စစ်ဆေးခဲ့တာဖြစ်ပါတယ်။

 

ယူကရိန်းနဲ့ ဥရောပနိုင်ငံတွေရဲ့ကြားက ကုန်သွယ်မှုကို ထိခိုက်အောင်ဆောင်ရွက်နေတဲ့ ရုရှားနိုင်ငံရဲ့လုပ်ရပ် ဟာ “ပင်လယ်ဓားပြလုပ်ရပ်နဲ့ သဘောဆင်တူရှိကြောင်း” ဂျိမ်းစတားဗစ်ဒစ်က ပြောပါတယ်။

 

ကုလသမဂ္ဂနဲ့သဘောတူညီထား ဂျုံတင်ပို့ရေးသဘောတူညီချက်စာချုပ်ထဲက ဇူလိုင်လအတွင်း ရုရှားနိုင်ငံက တစ်ဖက်သတ်နုတ်ထွက်ခဲ့ပြီး ယူကရိန်းဆိပ်ကမ်းကို ဝင်ထွက်လာတဲ့သင်္ဘောမှန်သမျှကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်မယ်လု့ိ ပြောဆိုလိုက်ပြီးနောက် ပင်လယ်နက်အတွင်းမှာ တင်းမာမှုတွေမြင့်တက်လာခဲ့တာဖြစ်ပါ တယ်။

 

Ref: Russia risks war with NATO in Black Sea, former top commander in Europe warns

 

#PeopleMedia


Share this post