• Follow Us on
Latest News

Home ရုရှားဟာ ယူကရိန်းအရှေ့ပိုင်းမှာ နောက်ထပ်ပြင်းထန်တဲ့ မြေပြင်ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေ

ရုရှားဟာ ယူကရိန်းအရှေ့ပိုင်းမှာ နောက်ထပ်ပြင်းထန်တဲ့ မြေပြင်ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေ

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၄

 

ယူကရိန်းနိုင်ငံအရှေ့ပိုင်း ဒိုးနက်စ်ဒေသက ယူကရိန်းတို့ရဲ့ ခြေကုပ်စခန်းတစ်ခုဖြစ်တဲ့ အာ့ဗ်ဒီကာစခန်းကို သိမ်း ပိုက်နိုင်ဖို့အတွက် ကြီးမားတဲ့မြေပြင်ထိုးစစ်အတွက် ရုရှားက ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

 

အမေရိကန်ပြည်ထောင်စုက ပညာရှင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Institute for the Study of War က “ရုရှားတပ်ဖွဲ့ တွေဟာ အာ့ဗ်ဒီကာ ဧရိယာမှာရှိတဲ့ ယူကရိန်းတပ်စခန်းတွေကို အင်မတန်ကြီးမားတဲ့လှိုင်းကြီးသဖွယ် မြေပြင် ထိုးစစ်တစ်ခုအတွက် ပြင်ဆင်နေပုံရတယ်” လို့ ဗုဒ္ဓဟူးနေ့မှာ ပြောဆိုလိုက်ပါတယ်။

 

ရုရှားဖွဲ့စည်းထားတဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့တွေဟာ ပြစ်ဒဏ်ချမှတ်ခံထားရသူ အများအပြားနဲ့ ဖွဲ့စည်းထား တယ်လို့လည်း အဲဒီအဖွဲ့က ပြောပါတယ်။

 

ယူကရိန်းစစ်တပ်ကတော့ အသင့်အနေအထားမှာ ရှိနေတယ်လို့ ပြောဆိုခဲ့ပြီး ရုရှားစစ်တပ်ဟာ အဲဒီဧရိယာမှာ စစ်ဆင်ရေးသစ်တစ်ခု မစမီ သူ့ရဲ့တပ်ဖွဲ့တွေကို အားဖြည့်နေတယ်လို့ ယုံကြည်ရတဲ့အကြောင်း ပြောရေးဆို ခွင့်ရှိသူတစ်ဦးက ဒေသတွင်း မီဒီယာတစ်ခုကို ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။

 

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သူ့ရဲ့တပ်ဖွဲ့တွေဟာ သိမ်းပိုက်ထားတဲ့ ယူကရိန်းတောင်ပိုင်းရှိ ဇာဖိုရီဇီးယား နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံအနီးမှာ ယူကရိန်းဒရုန်း ကိုးစင်းကို ပစ်ချခဲ့တယ်လို့ ကြာသပတေးနေ့မှာ ပြောဆိုခဲ့ပါတယ်။

 

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာက ဒရုန်းနှစ်စင်းဟာ အနီးနားမှာရှိတဲ့ ဟိုတယ် တစ်ခုကို ထိမှန်ခဲ့ပြီး “တာဝန်မဲ့လုပ်ရပ်တွေကို လုပ်တယ်”ဆိုပြီး ယူကရိန်းကို အပြစ်တင်ရှုတ်ချလိုက်ပါတယ်။

 

ref; NHK

 

#PeopleMedia


Share this post