ရုရှားအစိုးရရဲ့ မက်လုံးပေးကမ်းလှမ်းချက်ကောင်းလွန်းလို့ စစ်တပ်ထဲဝင်တဲ့သူ ၆ ဆအထိ တိုးမြင့်လာ
PUBLISHED - September 12, 2024
နိုင်ငံတကာ၊ စက်တင်ဘာ ၁၂
ရုရှားတပ်မတော်ရဲ့ ဆွဲဆောင်အားကောင်းတဲ့ကမ်းလှမ်းချက်တွေကြောင့် ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ရင် အခုနှစ်အ တွင်း စစ်ထဲဝင်လာတဲ့သူ ခြောက်ဆအထိ တိုးမြင့်လာခဲ့ကြောင်း The Defense မီဒီယာမှာ ရေးသားဖော်ပြထား ပါတယ်။
၂၀၂၄ ခုနှစ် ပထမ ခြောက်လအတွင်း ရုရှားစစ်တပ်ထဲ ဝင်ရောက်လာတဲ့တပ်သားသစ်ဦးရေဟာ ၁၆၆,၀၀၀ ဦး ရှိကြောင်း ဖက်ဒရယ်ဘတ်ဂျက်အဖွဲ့ရဲ့အချက်အလက်တွေကို ကိုးကားပြီး ဒေသတွင်းမီဒီယာဖြစ်တဲ့ Important Stories က ဖော်ပြထားပါတယ်။
ဒီအရေအတွက်ဟာ ၂၀၂၃ ခုနှစ် ကာလတူအချိန်မှာ စုဆောင်းရရှိခဲ့တဲ့ တပ်သားသစ်ဦးရေ ၂၆,၇၀၀ ဦးထက် သိသိသာသာ မြင့်တက်သွားတာဖြစ်ပါတယ်။
အဲဒီအရေအတွက်ကနေ ဇူလိုင်လဝန်းကျင်လောက်မှာ တပ်သားသစ်ဦးရေ ၁၉၀,၀၀၀ အထိ မြင့်တက်လာခဲ့ တယ်လို့ ရုရှားလုံခြုံရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒီမီထရီမက်ဗီဒက်ဗ်က ပြောပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ စတင်ကျူးကျော်တိုက်ခိုက်ကတည်းက ရုရှားစစ်သည် ၃၅၀၀၀၀ ကျော် ကျ ဆုံးခဲ့ ပြီး ဖြစ်တဲ့အတွက် ရုရှားအစိုးရဟာ အင်အားလျော့နည်းနေတဲ့တပ်ဖွဲ့နဲ့ လက်ရှိအချိန်မှာ ကြိုးစား ရုန်းကန်နေရ တယ်လို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ ရုရှားတပ်မတော်ထဲကို အခုလို တိုးမြှင့်ဝင်ရောက်လာတဲ့သတင်း ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
ယူကရိန်းစစ်ပွဲမှာတိုက်ခိုက်ဖို့ ဆန္ဒရှိသူတွေအတွက် အစိုးရရဲ့ ဆုကြေးငွေကမ်းလှမ်းချက်မြင့်မားမှုကြောင့် အခု လို တပ်ထဲကို တပ်သားသစ်အများအပြားဝင်ရောက်လာကြတာလို့ ဆိုပါတယ်။
တပ်မတော်မှာ အနည်းဆုံး တစ်နှစ်တာဝန်ထမ်းဆောင်ဖို့ မိမိသဘောဆန္ဒအလျောက် တပ်မတော်ထဲကိုဝင် ရောက်လာသူတွေကို တပ်ထဲဝင်တဲ့အတွက် ဆုကြေးငွေ ရူဘယ် ၂ သန်း (ဒေါ်လာ ၂၂,၀၀၀) ချီးမြှင့်သွားမှာ ဖြစ်ကြောင်း အမိန့်ဒီဂရီတစ်ရပ်ကို မော်စကိုမြို့တော်ဝန် ဆာဂျီဆော့ယာနင်က ဇူလိုင်လက ထုတ်ပြန်ခဲ့ပါတယ်။
တပ်ထဲဝင်ရောက်ပြီးနောက် စစ်သားဖြစ်လာတဲ့အချိန်မှာ လစဉ်ရရှိမယ့်လစာကလည်း တစ်လကို ရူဘယ်ငွေ ၇၀၀,၀၀၀ (၈,၉၆၁ ဒေါ်လာ) ဖြစ်ပြီး အဲဒီလစာဟာ ယခင်ပေးနေကျ ပုံမှန်လစာ ရူဘယ် ၆၃,၀၆၀ (၈၀၇ ဒေါ် လာ) ထက် ၁၀ ဆ များပြားတဲ့ လစာငွေဖြစ်ပါတယ်။
စစ်သည်တစ်ဦး စစ်မြေပြင်မှာ သေဆုံး/ဒဏ်ရာရခဲ့ရင် ဒဏ်ရာရစစ်သည်ဖြစ်စေ/ သေဆုံးစစ်သည်ရဲ့ကျန်ရစ်သူ မိသားစုဖြစ်စေ လျော်ကြေးငွေအဖြစ် ရူဘယ်ငွေ ၃ သန်း (ဒေါ်လာ ၃၄,၀၀၀) ရရှိသွားမှာဖြစ်ပါတယ်။
စစ်ပွဲကာလအတွင်း ၂၀၂၃ ခုနှစ်ကနေ စတင်ပြီး ဒီကနေ့အချိန်အထိ စစ်ပွဲမှာပါဝင်တိုက်ခိုက်နေတဲ့ စစ်သားတွေ အတွက် ရုရှားအစိုးရဟာ ရူဘယ်ငွေ ၃ ထရီလီယန် (ဒေါ်လာ ၃၂.၉ ဘီလျံ) သုံးစွဲပြီးသွားပြီဖြစ်ကြောင်း သိရပါ တယ်။
Ref: Russian Army’s Tempting Offers Paying Off as Recruitment Surges Sixfold
#PeopleMedia