• Follow Us on
Latest News

Home ရုရှားအသုံးပြုခဲ့တဲ့ အသေခံဒရုန်း အစင်း နီးပါးကို ရုရှားနဲ့ဘက်ကို ယူကရိန်းနိုင်ငံက လမ်းကြောင်းလွှဲပေးနိုင်ခဲ့

ရုရှားအသုံးပြုခဲ့တဲ့ အသေခံဒရုန်း အစင်း နီးပါးကို ရုရှားနဲ့ဘက်ကို ယူကရိန်းနိုင်ငံက လမ်းကြောင်းလွှဲပေးနိုင်ခဲ့

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၆

 

ယူကရိန်းကို တိုက်ခိုက်ဖို့စေလွှတ်ခဲ့တဲ့ ရုရှားဒရုန်းတွေထဲက အစင်း ၁၀၀ ကျော်ကို ယူကရိန်းနိုင်ငံက အီလက် ထရောနစ်စစ်ဆင်ရေးနည်းပညာကို အသုံးပြုပြီး ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံတို့ကို ပြန်လည်လမ်းကြောင်းလွှဲ ပြောင်းနိုင်ခဲ့ကြောင်း The Defense Post မှာ ရေးသားဖော်ပြထားပါတယ်။

 

နိုဝင်ဘာ ၂၆ ရက်နေ့က Iskander- တာလတ်ပစ်ပဲ့ထိန်းဒုံး ၄ စင်းနဲ့ ရုရှားနိုင်ငံက ယူကရိန်းကို ပစ်ခတ်ခဲ့သလို အီရန်ထုတ် ရှာဟက်ဒ်အသေခံဒရုန်း (Shaheds) ၁၈၈ စင်းကိုလည်း ယူကရိန်းနိုင်ငံဘက်ကို စေလွှတ်ခဲ့ပါ တယ်။

 

အဲဒီ ဒုံးကျည်တွေ၊ ဒရုန်းတွေကို ရုရှားနိုင်ငံ ဗိုရိုန်နက်ဇ်၊ အိုရိုင်၊ ကာ့စ်ခ်နဲ့ ကရာစနိုဒါ ဒေသတွေကနေ ပစ်ခတ် လွှတ်တင်ခဲ့တာဖြစ်ပါတယ်။

 

ယူကရိန်းဘက်က ဂျက်တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ၊ ရွှေ့လျားလေကြောင်းရန်ကာကွယ်ရေးစနစ် တွေနဲ့ မြေပြင်-ဝေဟင်ပစ် ဒုံးကျည်တွေအသုံးပြုပြီး ရုရှားဒရုန်း ၇၆ စင်းကို ပစ်ချနိုင်ခဲ့သလို ဒရုန်း ၉၅ စင်းကို လည်း ဂြိုဟ်တုမြေပုံညွှန်းတွေ ကမောက်ကမဖြစ်အောင် အီလက်ထရောနစ်နည်းနဲ့ တိုက်ခိုက်ပြီး ရုရှားနိုင်ငံ ဘက်ကို လမ်းကြောင်း ပြန်လွှဲပေးလိုက်တယ်လို့ ပြင်သစ်နေ့စဉ်သတင်းစာ Le Monde မှာဖော်ပြထားပါတယ်။

 

ဒါ့အပြင် ရှာဟက်ဒ်အသေခံဒရုန်း ၄၃ စင်းကို နိုဝင်ဘာ ၂၄ ရက်နေ့နဲ့ ၂၆ ရက်နေ့ကြားမှာ ဘယ်လာရုစ်နိုင်ငံထဲ ရောက်ရှိသွားအောင် လမ်းကြောင်း ပြောင်းလွှဲပစ်နိုင်ခဲ့တယ်လို့ Le Monde မှာဖော်ပြပါတယ်။

 

ယူကရိန်းနိုင်ငံရဲ့ အီလက်ထရောနစ်စစ်ဆင်ရေး (electronic warfare – EW) အောင်မြင်မှုကို နောက်ကျပြီးမှ သတိပြုမိတာဖြစ်တယ်လို့ဆိုပါတယ်။

 

ယူကရိန်းနိုင်ငံရဲ့ လေကြောင်းရန်ကာကွယ်ရေး အားနည်းမှုအပေါ် အသာစီးရနေတဲ့ ရုရှားဖိအားတွေကို တုံ့ပြန် ရာမှာ ယူကရိန်းနိုင်ငံဟာ ဈေးသက်သာတဲ့နည်းပညာတွေကို အကျိုးရှိရှိ အသုံးချနိုင်ခဲ့ကြောင်း စစ်ပွဲ လေ့လာရေး အင်စတီကျု (ISW) က ပြောပါတယ်။

 

“ယူကရိန်းရဲ့ အီလက်ထရောနစ်စစ်ဆင်ရေးစနစ်တွေဟာ ရေဒါလမ်းညွှန် Shahed-136/131 ဒရုန်းတွေကို နှောင့်ယှက်ဖျက်ဆီးနိုင်ခဲ့တယ်။ တချို့ဒရုန်းတွေက လမ်းကြောင်းပြောင်းသွားပြီး တချို့ဒရုန်းတွေက ဆီကုန်ပြီး ပျက်ကျသွားပါတယ်။” လို့ ယူကရိန်းစစ်ပွဲလေ့လာသူ ပက်ထရိုချန်းညက်ကို ကိုးကားပြီး ဝါရှင်တန်အခြေစိုက် ISW က ရေးသားထားပါတယ်။

 

တပြိုင်တည်းမှာပဲ ဂြိုဟ်တုစနစ်အသုံးပြု ဒရုန်းတွေနဲ့ ခရုစ်ဒုံးကျည်တွေရဲ့ လမ်းကြောင်းရှာစနစ်ကို နှောင့်ယှက် နိုင်စွမ်းရှိတဲ့ ပြည်တွင်းထုတ် ပိုကရာဗာအီလက်ထရောနစ်စနစ် (Pokrova EW system) ကိုလည်း ယူကရိန်း နိုင်ငံက တပ်ဖြန့်ချထားပါတယ်။

 

Ref: Ukraine Spoofs Nearly 100 Shahed Drones to Head Back to Russia

 

#PeopleMedia


Share this post