ရုရှားအောင်ပွဲရနေချိန်မှာ ယူကရိန်းက စစ်မှုထမ်းဥပေဒတိုးမြှင့်ဖို့ ချင့်ချိန်စဉ်းစားနေ

PUBLISHED - February 23, 2024
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၂
ယူကရိန်းစစ်ပွဲမှာ ရုရှားဘက်က အောင်ပွဲတွေရနေတဲ့အချိန်မှာ ယူကရိန်းအစိုးရက စစ်မှုမထမ်းမနေရဥပေဒကို တိုးမြှင့်သတ်မှတ်ဖို့ ချိန်ဆစဉ်းစားနေတယ်လို့ ဆိုပါတယ်။ စစ်စည်းရုံးတဲ့ကာလကလည်း လက်ရှိအချိန်မှာ အကန့်အသတ်မရှိဘူးလို့ ဆိုပါတယ်။
ရုရှားတပ်တွေ ကျူးကျော်ဝင်ရောက်လာခါစအချိန် လွန်ခဲ့တဲ့နှစ်နှစ်လောက်ကတည်းက ယူကရိန်းစစ်တပ်ထဲဝင် သွားရပြီး အခုအချိန်မှာ အသက် ၄၃ နှစ်ရှိနေပြီဖြစ်တဲ့ ယူကရိန်းစစ်သားတစ်ဦးရဲ့ ဇနီးဖြစ်သူ အန်တိုနီနာက ၎င်းရဲ့ ၃ နှစ်အရွယ်ကလေးကို လက်ဆွဲပြီး ဆန္ဒပြနေပါတယ်။
ယူကရိန်းလွှတ်တော်ထဲမှာတော့ စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရမယ့်အရေအတွက်ကို တိုးမြှင့်ရေး ဥပဒေသစ် ပြဋ္ဌာန်းနိုင်ဖို့အတွက် လွှတ်တော်အမတ်တွေ ဆွေးနွေးငြင်းခုန်နေပါတယ်။
“နည်းလမ်းတစ်ခုကတော့ လူတိုင်းစစ်မှုထမ်းသင့်တာပါပဲ။ ကျွန်တော်တို့ မြေကို၊ ကျွန်တော်တို့ မိသားစုတွေကို၊ ကျွန်တော်တို့ အမိမြေကိုကာကွယ်ဖို့ဆိုတာ ကျွန်တော်တို့ တာဝန်ဖြစ်တယ်။ စစ်မတိုက်ချင်ဘူးဆိုရင် ခင်ဗျားက ဘယ်လိုနိုင်ငံသားမျိုးဖြစ်မလဲ။” လို့ အမှတ် ၉၂ တိုက်ခိုက်ရေးတပ်မက ဒရုန်းတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“ယူကရိန်းအားလုံး စစ်ပွဲထဲရောက်နေတာပါ။ ယူကရိန်းမှာနေတဲ့သူအားလုံး ဒါကိုဖြတ်သန်းကြရမှာပါပဲ။ ရှောင် လွှဲလို့မရပါဘူး။ ဒီမှာရှိတဲ့ပြည်သူတွေ မောပန်းနေကြပါပြီ။” လို့ ဂရတ်ဒ်ရော့ကက်လောင်ချာလက်နက်စနစ်တစ် ခုကို ကွပ်ကဲနေတဲ့ အသက် ၅၉ နှစ်အရွယ် မီကိုလာက ပြောပါတယ်။
ရုရှားတပ်တွေစတင်ကျူးကျော်တိုက်ခိုက်ချိန်တုန်းက ယူကရိန်းပြည်သူတွေဟာ ဆန္ဒအလျောက်စစ်မှုထမ်းခဲ့ကြ တာဖြစ်ပေမဲ့ အခုအချိန်မှာတော့ အဲဒီစနစ်က အလုပ်မဖြစ်တော့ဘူးလို့ အစိုးရက ပြောပါတယ်။
စစ်တိုက်ဖို့အတွက် အသက် ၁၈ နှစ်ကနေ ၆၀ အထိ အကျုံးဝင်ပြီး အမျိုးသမီးတွေရော အမျိုးသားတွေပါ စစ် မှုထမ်းနိုင်ပေမဲ့ စစ်မှုထမ်းဥပဒေထဲမှာတော့ အသက် ၂၇ နှစ်အထက် အမျိုးသားတွေကိုသာ စစ်မှုထမ်းခွင့်ပြု ထားပါတယ်။
ဥပဒေပြန်လည်ပြင်ဆင်ဖို့ ဆွေးနွေးနေတဲ့အထဲမှာ စစ်မှုထမ်းအသက်ကို အသက် ၂၅ နှစ်ကစတဲ့အထိ လျှော့ချ ဖို့လည်း ပါပါတယ်။
၂၀၂၃ ခုနှစ်အတွင်း ယူကရိန်းနယ်စပ်မှာ ပြည်ပနိုင်ငံကိုထွက်ခွာမယ့် နိုင်ငံသား ၅၀၀၀၀ ကို ပိတ်ပင်တားဆီးခဲ့ ကြောင်း ယူကရိန်းနယ်ခြားစောင့်တပ်ဖွဲ့က CNN ကို ပြောပေမဲ့ အဲဒီနိုင်ငံသားတွေထွက်ခွာဖို့ပြင်ဆင်နေတာဟာ စစ်မှု ထမ်းဥပဒေနဲ့ ဆက်စပ်မှုရှိမရှိကိုတော့ မပြောပါဘူး။
တပ်သားသစ်စုဆောင်းရေးအရေအတွက်နဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်က ယူကရိန်းသမ္မတဗလာ ဒီမာဇီလန်စကီးနဲ့ အဲဒီအချိန်က ကြည်းတပ်ဦးစီးချုပ်ဇလွန်ညီတို့ သဘောထားကွဲလွဲခဲ့ကြပါတယ်။ ကြည်းတပ်ဦး စီးချုပ်တောင်းဆိုထားတဲ့ စစ်သားအင်အားဟာ များပြားလွန်းတယ်လို့ ဇီလန်စကီးက ပြောပါတယ်။
ဗိုလ်ချုပ်ကြီးဇလွန်ညီကတော့ ၎င်းအနေနဲ့ စစ်သည်အင်အား ၅၀၀,၀၀၀ တောင်းဆိုထားတယ်ဆိုတာ မဟုတ် မှန်ကြောင်း ငြင်းဆိုခဲ့ပေမဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး လူထုကြားထဲအထိ ရောက်ရှိသွားကာ သမ္မတဇီလန်စကီးက သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။
ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဇလွန်ညီကိုတော့ အခုလအစောပိုင်းကပဲ ရာထူးကဖြုတ်ချခဲ့ပါတယ်။
ယူကရိန်းအနေနဲ့ စစ်စည်းရုံးမှုထပ်မံဆောင်ရွက်ဖို့လိုအပ်ကြောင်း၊ အင်အားငါးသိန်းမဟုတ်ပေမဲ့လည်း အင်အား အများအပြားလိုအပ်နေကြောင်း၊ ဒီကိစ္စဟာ စစ်သည်တွေထပ်မံလိုအပ်နေတယ်ဆိုတာထက် ဆောင်ရွက်ရမယ့် မဟာဗျူဟာမြောက်အခြေခံကိစ္စဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဟောင်း အန်ဒရီးဇာဂရော့ညက်က ပြောပါ တယ်။
ယူကရိန်းက စစ်စည်းရုံးဆင့်ခေါ်ထားတဲ့ စစ်သည်အင်အား ၁ သန်းထဲက စစ်မြေပြင်မှာ ၂၀၀,၀၀၀ နဲ့ ၃၀၀,၀၀၀ ကြားသာ တာဝန်ထမ်းဆောင်နေကြကြောင်း၊ ကျန်တဲ့စစ်သည်တွေဟာ စစ်မြေပြင်မှာရောက်ရှိမနေကြောင်း ဇီလန်စကီးရဲ့ လက်ထောက်က ပြောပါတယ်။
တပြိုင်တည်းမှာ ယူကရိန်းနိုင်ငံ ဆက်လက်လည်ပတ်နိုင်အောင် ယူကရိန်းစီးပွားရေးလုပ်ငန်းတွေအတွက် လုပ်သာအင်အားလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။
“ကုမ္ပဏီတစ်ခုရဲ့ ဝန်ထမ်းအင်အားဇယားထဲက ဝန်ထမ်းတစ်ယောက်ကို ဆွဲထုတ်ပြီး စစ်တပ်ထဲကိုသွင်းလိုက် တိုင်းမှာ ခင်ဗျားဟာ ခက်ခဲတဲ့အခြေအနေတစ်ရပ်ကို ဖန်တီးနေတာပဲဖြစ်တယ်။ အဲဒီလို အခြေအနေတွေများ လာပြီဆိုရင် စီးပွားရေးဟာ နဂိုအတိုင်းပြန်မကောင်းနိုင်တော့ဘဲ ပြိုလဲသွားမှာဖြစ်ကြောင်း သုတေသနရလဒ် တွေကို ကြည့်ရင်သိနိုင်ပါတယ်။” လို့ ကိယက်ဗ်စီးပွားရေးတက္ကသိုလ်အကြီးအကဲဖြစ်ပြီး အစိုးရဝန်ကြီးဟောင်း တစ်ဦးလည်းဖြစ်တဲ့ တိုင်မိုဖီမိုင်လာဗာနဗ်က ပြောပါတယ်။
Ref: As Russia makes gains, a weary Ukraine weighs expanding the draft
#PeopleMedia