• Follow Us on

Home ရုရှား-နေတိုး ပဋိပက္ခဟာ တတိယကမ္ဘာစစ်ဖြစ်လာဖို့ အဆင့်တစ်ဆင့်ဖြစ်ကြောင်း ပူတင်သတိပေး

ရုရှား-နေတိုး ပဋိပက္ခဟာ တတိယကမ္ဘာစစ်ဖြစ်လာဖို့ အဆင့်တစ်ဆင့်ဖြစ်ကြောင်း ပူတင်သတိပေး

Share this post

နိုင်ငံတကာ၊ မတ် ၁၈

 

အနောက်နိုင်ငံတပ်တွေ ယူကရိန်းကိုဝင်ရောက်လာပြီး ရုရှားနဲ့ အမေရိကန်ဦးဆောင်တဲ့နေတိုးအဖွဲ့ဝင်တွေ တိုက်ရိုက်စစ်မက်ဖြစ်ပွားခဲ့မယ်ဆိုရင် တတိယကမ္ဘာစစ်ကို ဦးတည်သွားနိုင်ကြောင်း ရုရှားသမ္မတဗလာဒီမာပူ တင်က တနင်္လာနေ့ (မတ်လ ၁၈ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

၁၉၆၂ ခုနှစ် ကျူးဘားဒုံးကျည်အရေးအခင်းပြီးကတည်းက အခုဖြစ်ပွားနေတဲ့ ယူကရိန်းစစ်ပွဲဟာ ရုရှားနဲ့ အနောက်အုပ်စုကြားမှာ အပြင်းထန်ဆုံး ပြဿနာတစ်ရပ်ဖြစ်ပါတယ်။

 

ပူတင်က နျူကလီးယားလက်နက်အသုံးပြုဖို့ မကြာခဏ ခြိမ်းခြောက်ပြောဆိုခဲ့ပေမဲ့ ယူကရိန်းစစ်ပွဲမှာ နျုူကလီး ယားလက်နက်အသုံးပြုဖို့ လိုအပ်တယ်လို့ မခံစားရကြောင်း ပြောပါတယ်။

 

အနောက်နိုင်ငံအများအပြားက ယူကရိန်းကို တပ်ဖွဲ့ဝင်တွေ စေလွှတ်ဖို့ စိတ်ကူးမရှိပေမဲ့ အနာဂတ်ကာလမှာ ယူကရိန်းကို ပြင်သစ်တပ်ဖွဲ့ဝင်တွေ စေလွှတ်သွားဖို့ စဉ်းစားနိုင်ဖွယ်ရှိကြောင်း ပြင်သစ်သမ္မတအီမန်နျူရယ် မက် ခရွန်က ပြီးခဲ့တဲ့လက ပြောပါတယ်။

 

မက်ခရွန်ရဲ့ပြောစကားနဲ့ ရုရှားနဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေကြား ပဋိပက္ခဖြစ်ပွားလာနိုင်စရာအကြောင်းနဲ့ ပတ် သက်ပြီး ရိုက်တာသတင်းဌာနက မေးမြန်းရာမှာ သမ္မတပူတင်က “ခေတ်သစ်ကမ္ဘာကြီးမှာ အားလုံးဖြစ်နိုင်ပါ တယ်။” လို့ ပြန်လည်ဖြေကြားပါတယ်။

 

“အဲဒီအဆင့်ဟာ တတိယကမ္ဘာစစ်ကြီးဖြစ်ပွားလာမယ့် ပထမခြေလှမ်းဆိုတာ အားလုံး သိပါတယ်။ ဘယ်သူက မှ အဲဒီလို တတိယကမ္ဘာစစ်ကြီးဖြစ်ပွားလာမှာကို စိတ်ဝင်စားမှာမဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။” လို့ ပူ တင်က ပြောပါတယ်။

 

ဒါပေမဲ့ ယူကရိန်းမှာ နေတိုးတပ်ဖွဲ့ဝင်တွေ ရောက်ရှိနေပြီးဖြစ်ပြီး စစ်မြေပြင်မှာ အင်္ဂလိပ်စကားပြောတဲ့သူတွေနဲ့ ပြင်သစ်စကားပြောတဲ့ နိုင်ငံခြားသားတွေကို ရုရှားတပ်တွေက ဖမ်းဆီးမိခဲ့ကြောင်း ၎င်းက ပြောပါတယ်။

 

မတ်လ ၁၅-၁၇ ရက်နေ့ ရုရှားရွေးကောက်ပွဲမကျင်းပခင် ယူကရိန်းတပ်တွေက အရှိန်မြှင့်တိုက်ခိုက်ခဲ့ပါတယ်။

 

ရုရှားရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ကြောင်း အမေရိကန်နဲ့ အနောက်နိုင် ငံတွေရဲ့ ဝေဖန်မှုတွေကို သမ္မတပူတင်က ပယ်ချလိုက်ပြီး အမေရိကန်ရွေးကောက်ပွဲက ဒီမိုကရက်မဆန်ဘဲ ဒေါ် နယ်လ်ထရမ့်ကို ဖြုတ်ချဖို့ အစိုးရအာဏာကို အသုံးချခဲ့ကြောင်း ပြောပါတယ်။

 

“အမေရိကန်မှာဖြစ်ပျက်နေတာကို တစ်ကမ္ဘာလုံးက ရယ်မောနေကြပါတယ်။ အဲဒါဟာ ဘေးဒုက္ခကြီးတစ်ခုပါ။ အဲဒါဟာ ဒီမိုကရေစီမဟုတ်ပါဘူး။ အံသြပါ့ဗျာ။” လု့ိ ပူတင်က ပြောပါတယ်။

 

Ref: Putin warns the West a Russia-NATO conflict is just one step from World War Three

 

#PeopleMedia


Share this post