• Follow Us on

Home ရုရှား/ဘယ်လာရုစ် နယ်စပ်တစ်လျှောက် ဘော်လတစ်သုံးနိုင်ငံ ခြံစည်းရိုးခတ်မည်

ရုရှား/ဘယ်လာရုစ် နယ်စပ်တစ်လျှောက် ဘော်လတစ်သုံးနိုင်ငံ ခြံစည်းရိုးခတ်မည်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၇

 

ရုရှား-ယူကရိန်း စစ်ပွဲရဲ့ကြောင့် မြင့်တက်လာတဲ့ ဒေသတွင်း လုံခြုံရေးစိုးရိမ်ပူပန်မှုတွေအရ ဘယ်လာရုစ်နယ် စပ်နဲ့ ရုရှားနယ်စပ်တွေကို ခြံစည်းရိုးအသစ်ကာရံဖို့ ဘော်လတစ်သုံးနိုင်ငံက သဘောတူညီလိုက်ပါတယ်။

 

လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲမှာ ယူကရိန်းနိုင်ငံကို ရုရှားက အနိုင်တိုက်ခိုက်နိုင်ခဲ့တယ်ဆိုရင် ၎င်းတို့နိုင်ငံတွေအ နေနဲ့ ရုရှားရဲ့နောက်ထပ်ပစ်မှတ်နိုင်ငံတွေဖြစ်လာနိုင်တယ်လို့ ဘော်လတစ်နိုင်ငံတွေက စိုးရိမ်ပူပန်နေကြပါ တယ်။

 

“နယ်စပ်ဒေသတွေမှာ အဟန့်အတားအဖြစ် လိုအပ်လာရင် စစ်ရေးကာကွယ်မှုအဖြစ် လာမယ့်နှစ်တွေအတွင်း မှာ အက်စ်တိုးနီးယား၊ လတ်ဗီးယားနဲ့ လစ်သူယေးနီးယားနိုင်ငံတွေဟာ ခြံစည်းရိုးတွေ တည်ဆောက်သွားမှာ ဖြစ်ပြီး သက်ဆိုင်ရာဝန်ကြီးတွေအနေနဲ့ လတ်ဗီးယားနိုင်ငံမြို့တော် ရီဂါမြို့မှာ သဘောတူလက်မှတ်ရေးထိုးခဲ့ပါ တယ်။” လို့ အက်စ်တိုးနီးယားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 

အဲဒီခြံစည်းရိုးခတ်မယ့်နေရာတွေဟာ ရုရှားနဲ့ ဘယ်လာရုစ်နယ်စပ်တွေမှာဖြစ်ပြီး အက်စ်တိုးနီးယားက ရုရှား တစ်နိုင်ငံတည်းနဲ့ နယ်နိမိတ်ထိစပ်နေပေမဲ့ လတ်ဗီးယားနဲ့ လစ်သူယေးနီးယားကတော့ ရုရှား/ဘယ်လာရုစ် နှစ်နိုင်ငံစလုံးနဲ့ နယ်နိမိတ်ထိစပ်နေကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

တစ်ချိန်တုန်းက ဆိုဗီယက်ပြည်ထောင်စုအဖွဲ့ဝင်နိုင်ငံဟောင်းတွေဖြစ်ခဲ့ပြီး လက်ရှိအချိန်မှာ နေတိုးအဖွဲ့ဝင်နိုင်ငံ တွေဖြစ်တဲ့အပြင် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေလည်းဖြစ်တဲ့ ဘော်လတစ်သုံးနိုင်ငံဟာ လွန်ခဲတဲ့နှစ်နှစ်ဝန်း ကျင် စစ်ပွဲစတင်ဖြစ်ပွားချိန်ကတည်းက ယူကရိန်းနိုင်ငံဘက်က ခိုင်ခိုင်မာမာ ထောက်ခံခဲ့တဲ့နိုင်ငံတွေဖြစ်ပါ တယ်။

 

“စစ်လက်နက်ပစ္စည်းတွေ၊ ခဲယမ်းတွေနဲ့ စစ်သားအင်အားတွေတင်မကဘဲ နယ်စပ်ဒေသတွေမှာ စည်းရိုးတွေ ကာရံထားဖို့လည်း လိုအပ်ကြောင်း လက်ရှိ ယူကရိန်းနိုင်ငံမှာဖြစ်ပွားနေတဲ့ ရုရှားစစ်ပွဲက သက်သေပြနေပါ တယ်။” လို့ အက်စ်တိုးနီးယားကာကွယ်ရေးဝန်ကြီး ဟန်နိုကပက်ဗ်ကာက ထုတ်ပြန်ချက်ထဲမှာပြောပါတယ်။

 

လတ်ဗီယားကာကွယ်ရေးဝန်ကြီး အန်းဒရီးစပရပ်စ်ကလည်း ဒီစီမံချက်ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 

“နေတိုးအဖွဲ့ရဲ့အရှေ့ဖျားစစ်တောင်ပံကို ကာကွယ်ဖို့နဲ့ ကျွန်တော်တို့ရဲ့ ရန်သူတွေရဲ့လှုပ်ရှားမှုတွေကို ဟန့်တား နိုင်ဖို့အတွက် ဘော်လတစ်ကာကွယ်ရေးစည်းမျဉ်းတစ်ခုကို ချမှတ်တည်ဆောက်သွားမှာဖြစ်ပါတယ်။” လို့ ၎င်း က ပြောပါတယ်။

 

Ref: Baltic States to Build New Defenses on Russia, Belarus Borders

 

#PeopleMedia


Share this post