• Follow Us on

Home ရုရှား-မြန်မာနှစ်နိုင်ငံ ဗိုလ်လောင်းများ ရေကူးပြိုင်ပွဲတွင် ရွှေတံဆိပ် ၁ ခုအပါအဝင် ဆုတံဆိပ် ၁၆ ခု ရရှိ

ရုရှား-မြန်မာနှစ်နိုင်ငံ ဗိုလ်လောင်းများ ရေကူးပြိုင်ပွဲတွင် ရွှေတံဆိပ် ၁ ခုအပါအဝင် ဆုတံဆိပ် ၁၆ ခု ရရှိ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၃

 

မြန်မာ့တပ်မတော်နှင့် ရုရှားတပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုပိုမိုခိုင်မာ အားကောင်းလာစေရန်ရည် ရွယ်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့ရှိ ရုရှားတပ်မတော်အားကစားတက္ကသိုလ်၌ စက်တင်ဘာ ၅ ရက်မှ ၁၀ ရက်အထိ ကျင်းပပြုလုပ်သည့် ရုရှား-မြန်မာ နှစ်နိုင်ငံ ဗိုလ်လောင်းများရေကူးပြိုင်ပွဲ (Russia-Myan mar Cadets Swimming Competition) သို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

 

အဆိုပါ ရေကူးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် မြန်မာ့တပ်မတော်မှ အသင်း အုပ်ချုပ်သူ နည်းပြအရာရှိ ကြီးနှင့် ပြိုင်ပွဲဝင်ဗိုလ်လောင်းများသည် စက်တင်ဘာ ၅ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ် မြို့သို့ ရောက်ရှိကြရာ ရုရှားတပ်မတော်မှ တာဝန်ရှိသူများက ခင်မင်ရင်းနှီးစွာ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

 

ရုရှား-မြန်မာ နှစ်နိုင်ငံ ဗိုလ်လောင်းများရေကူးပြိုင်ပွဲကို  စက်တင်ဘာ ၅ ရက်မှ ၁၀ ရက်အထိ ပြိုင်ပွဲအမျိုးအစား ၁၅ မျိုးဖြင့် ကျင်းပယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာ့တပ်မတော်မှ ပြိုင်ပွဲဝင်ဗိုလ်လောင်းများအနေဖြင့် ရွှေတံဆိပ် ၁ ခု၊ ငွေတံဆိပ် ၃ ခု၊ ကြေးတံဆိပ် ၁၂ ခု ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြသည်။

 

ထို့ပြင် မြန်မာ့တပ်မတော်မှ အသင်းအုပ်ချုပ်သူ နည်းပြအရာရှိကြီးနှင့် ပြိုင်ပွဲဝင် ဗိုလ်လောင်းများသည် စိန့်ပီ တာစဘတ်မြို့ရှိ ရုရှားတပ်မတော်အားကစားတက္ကသိုလ်၊ အမြောက်သမိုင်းပြတိုက်၊ AVRORA စစ်သင်္ဘောပြ တိုက်နှင့် အထင်ကရနေရာများသို့ သွားရောက်လေ့လာခဲ့ခြင်း၊ ရုရှားတပ်မတော်မှ ပြိုင်ပွဲဝင်ဗိုလ်လောင်းများနှင့် အတူ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခြင်းနှင့် လက်ဆောင်ပစ္စည်းအပြန်အလှန်လဲလှယ်ခြင်းများ ကို ဆောင်ရွက်ခဲ့ကြပြီး တပ်မတော်အချင်းချင်း ချစ်ကြည်ရင်းနှီးမှုများကို တိုးမြှင့်နိုင်ခဲ့ကြသည်။

 

အဆိုပါ မြန်မာ့တပ်မတော်မှ အသင်းအုပ်ချုပ်သူ နည်းပြအရာရှိကြီးနှင့် ပြိုင်ပွဲဝင် ဗိုလ်လောင်းများသည် ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာကြသည်။

 

#PeopleMedia


Share this post