ရုရှား-မြန်မာနှစ်နိုင်ငံ မီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး
PUBLISHED - September 26, 2024
နေပြည်တော်၊ စက်တင်ဘာ ၂၆
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ရုရှားနိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုအသင်း (Russian Associa-tion for Friendship and Cooperation – RAFC) ၏ ဒုတိယဥက္ကဋ္ဌ Mr. Alexander OSTROVSKIY ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ယမန်နေ့တွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ တွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် ရုရှား-မြန်မာ နှစ်နိုင်ငံမီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ ရုပ်မြင်သံကြားဇာတ်လမ်းတွဲများ နှစ်နိုင်ငံပူးပေါင်းစီစဉ် ရိုက်ကူးထုတ်လွှင့်ရေး၊ ယဉ်ကျေးမှုအပြန်အလှန်ဖလှယ်ရေး၊ ခရီးသွားကဏ္ဍ ပိုမိုမြှင့်တင်နိုင်ရေးနှင့် နှစ်နိုင်ငံပြည်သူများအကြား ဆက်သွယ်ဆက်ဆံမှု ပိုမိုကောင်းမွန်အောင်ဆောင် ရွက်သွားနိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။
#PeopleMedia