• Follow Us on
Latest News

Home ရုရှား-မြန်မာ နှစ်နိုင်ငံပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မည်

ရုရှား-မြန်မာ နှစ်နိုင်ငံပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မည်

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၈

 

ရုရှားရေတပ်နဲ့ မြန်မာရေတပ် ပူးပေါင်းပြီး ပထမဦးဆုံးအကြိမ် နှစ်နိုင်ငံပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုကို အခု သီတင်းပတ်အတွင်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း The Defense မှာရေးသားထားပါတယ်။

 

အဲဒီနှစ်နိုင်ငံရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ ကျည်စစ်ကျည်မှန်တွေနဲ့ ပစ်ခတ်လေ့ကျင့်တဲ့ ပင်လယ်ပြင်လုံခြုံ ရေးစစ်ရေးလေ့ကျင့်မှုတွေပါဝင်သလို လေကြောင်းနဲ့ ရေအောက်လေ့ကျင့်ခန်းတွေလည်းပါဝင်ကြောင်း မြန်မာ အစိုးရမီဒီယာတွေကို ကိုးကားပြီး ဆင်ဟွာသတင်းဌာနက ရေးသားပါတယ်။

 

အဲဒီစစ်ရေးလေ့ကျင့်မှုမှာ တပ်ဖွဲ့ဝင် ၈၀၀ ပါဝင်တဲ့ ရုရှားပစိဖိတ်ဒေသရေတပ်အုပ်စုက ဖျက်သင်္ဘောသုံးစီးပါဝင် လေ့ကျင့်သွားမှာဖြစ်ပါတယ်။

 

ရုရှားနိုင်ငံဟာ မြန်မာနိုင်ငံကို သံတမန်အရေရော စစ်ရေးအရပါ ထောက်ပံ့နေတဲ့ အဓိကနိုင်ငံတစ်နိုင်ငံဖြစ်ပါ တယ်။

 

မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကို ပြစ်တင်ရှုတ်ချတဲ့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ရုရှားအစိုးရက တောက်လျှောက် ပယ်ချခဲ့ပါတယ်။

 

အပြန်အလှန်အားဖြင့် ရုရှားနိုင်ငံက ယူကရိန်းကိုကျူးကျော်တိုက်ခိုက်တာကို မြန်မာနိုင်ငံကလည်း ပြစ်တင် ရှုတ်ချခြင်းမပြုဘဲ လက်ရှောင်နေခဲ့ပါတယ်။

 

ရုရှားနိုင်ငံဟာ မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်းတွေ အဓိကထောက်ပံ့နေတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။

 

ရုရှားဟာ မြန်မာနိုင်ငံကို Pantsir-S1 မြေပြင်-ဝေဟင်ပစ်ဒုံးကျည်စနစ်တွေ၊ ဒရုန်းတွေ၊ ရေဒါတွေ၊ M-17 ရဟတ် ယာဉ်တွေ၊ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ Su-30 ဂျက်တိုက်လေယာဉ်တွေလို စစ်လက်နက်ပစ္စည်း တွေကို ထောက်ပံ့ခဲ့ပါတယ်။

 

မြန်မာအစိုးရဟာ ၎င်းကိုတော်လှန်နေတဲ့လက်နက်ကိုင်သူပုန်တွေကို နှိမ်နှင်းရာမှာ Mi-35 တိုက်ခိုက်ရေးရ ဟတ်ယာဉ်တွေနဲ့ Yak-130 အမောင်းသင်ဂျက်တိုက်လေယာဉ်တွေလို လက်နက်တွေကို အသုံးပြုခဲ့ပါတယ်။

 

မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အစိုးရကိုပုန်ကန်နေတဲ့ တိုင်းရင်းသားသူပုန်တွေက စစ်ရေးအရအောင် မြင်မှုတွေရနေတယ်လို့ သတင်းတွေထွက်ပေါ်လာပြီးနောက် အခုလို ရုရှား-မြန်မာ ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့် မှု ကျင်းပမယ့် သတင်းထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

 

တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ဒေသမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံတွင်း နေရပ်စွန့်ခွာ ရွှေ့ပြောင်းဒုက္ခသည် ၂၃၀၀၀ ဝန်းကျင်ရှိကြောင်း ကုလသမဂ္ဂအဖွဲ့က ပြောပါတယ်။

 

အရှေ့မြောက်ဒေသမှာဖြစ်ပွားခဲ့တဲ့ သီတင်းပတ်ကြာတိုက်ပွဲတွေအတွင်း အစိုးရစစ်စခန်းအများအပြားနဲ့ မြို့ လေးမြို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ တိုင်းရင်းသားသူပုန်တွေက ပြောပါတယ်။

 

Ref: Russia to Hold First Bilateral Naval Exercise with Myanmar

 

#PeopleMedia


Share this post