• Follow Us on
Latest News

Home ရုရှား-မြောက်ကိုရီးယား စစ်ရေးသဘောတူစာချုပ်ချုပ်ဆိုပြီး ရက်ပိုင်းအတွင်း အမေရိကန်လေယာဉ်တင် သင်္ဘောအုပ်စု တောင်ကိုရီးယားကို ဆိုက်ကပ်လာ

ရုရှား-မြောက်ကိုရီးယား စစ်ရေးသဘောတူစာချုပ်ချုပ်ဆိုပြီး ရက်ပိုင်းအတွင်း အမေရိကန်လေယာဉ်တင် သင်္ဘောအုပ်စု တောင်ကိုရီးယားကို ဆိုက်ကပ်လာ

Share this post

နိုင်ငံတကာ၊ ဇွန် ၂၅

 

အမေရိကန်လေယာဉ်တင်သင်္ဘောတစ်စီးဟာ တောင်ကိုရီးယားနိုင်ငံကို စနေနေ့ (ဇွန်လ ၂၂ ရက်နေ့) က အချိန်ကိုက်ရောက်ရှိလာပါတယ်။

 

ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်တို့ ပြုံယမ်းမြို့မှာ စစ်ရေးသဘောတူ စာချုပ်ချုပ်ဆိုလိုက်ပြီး ရက်ပိုင်းအတွင်းမှာပဲ အမေရိကန်ရေတပ်က ယူအက်စ်အက်စ် သီယိုဒိုရုစဗဲ့ (USS Theodore Roosevelt) လေယာဉ် တင်သင်္ဘောတိုက်ခိုက်ရေးအုပ်စုဟာ တောင်ကိုရီးယားနိုင်ငံ ဘူဆန်ဆိပ် ကမ်းကို စနေနေ့က ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

 

နျူကလီးယားစွမ်းအင်သုံးလေယာဉ်တင်သင်္ဘောအုပ်စုဟာ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ အားကောင်း လှတဲ့စစ်ရေးပူးပေါင်းဆောင်ရွက်မှုအနေအထားနဲ့ မြောက်ကိုရီးယားဘက်က မြင့်တက်လာတဲ့ခြိမ်းခြောက်မှုတွေ ကို တုံ့ပြန်ဖို့ ခိုင်မာတဲ့သံန္နိဋ္ဌာန်ကို ပြသလိုက်တာဖြစ်ကြောင်း တောင်ကိုရီးယားရေတပ်က ပြောပါတယ်။

 

သီယိုဒိုရုစဗဲ့လေယာဉ်တင်သင်္ဘောဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ယူအက်စ်အက်စ်ကားလ်ဗင်ဆင် ရောက်ရှိ လာပြီးနောက် တောင်ကိုရီးယားကို ပထမဦးဆုံး ရောက်ရှိလာတဲ့ လေယာဉ်တင်သင်္ဘောဖြစ်ပါတယ်။

 

သီယိုဒိုရုစဗဲ့လေယာဉ်တင်သင်္ဘောနဲ့အတူ Halsey ဖျက်သင်္ဘောနဲ့ Daniel Inouye ဖျက်သင်္ဘောတွေလည်း တောင်ကိုရီးယားကို တောင်ကိုရီးယားကို ရောက်ရှိလာကြောင်း ရေတပ်က ပြောပါတယ်။

 

အင်ဒို-ပစိဖိတ်ဒေသမှာ တင်းမာမှုတွေ မြင့်တက်နေစဉ် တောင်ကိုရီးယားကို ရောက်ရှိနေစဉ်အတွင်း သီယိုဒို ရုစဗဲ့လေယာဉ်တင်သင်္ဘောဦးဆောင်တဲ့ တိုက်ခိုက်ရေးသင်္ဘောအုပ်စုဟာ တောင်ကိုရီးယား၊ ဂျပန်နိုင်ငံတို့နဲ့ အတူ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်သွားမယ်လို့ ခန့်မှန်းထားပါတယ်။

သီယိုဒိုရုစဗဲ့လေယာဉ်တင်သင်္ဘောအုပ်စုဟာ ဧပြီလအတွင်းက အရှေ့တရုတ်ပင်လယ်ထဲမှာ ကျင်းပခဲ့တဲ့ နှစ် ရက်ကြာပူးတွဲစစ်ရေးလေ့ကျင့်မှုမှာလည်း ဂျပန်၊ တောင်ကိုရီးယား ရေတပ်တွေနဲ့အတူ ပါဝင်ဆင်နွှဲခဲ့ပါတယ်။

 

ရုရှားသမ္မတပူတင်ဟာ ပြုံယမ်းမြို့မှာ ကင်ဂျုံအန်နဲ့ဆုံတွေ့စဉ် နှစ်နိုင်ငံဆက်ဆံရေးနွေးထွေးမှုကို ထုတ်ဖော်ပြသ ခဲ့သလို နေတိုးမဟာမိတ်စာချုပင်အပိုဒ်ငါးထဲကလို တစ်နိုင်ငံ တိုက်ခိုက်ခံရရင် တခြားတစ်နိုင်ငံက ဝင်ရောက်ကူ ညီတိုက်ခိုက်ဖို့အတွက် စစ်ရေးသဘောတူစာချုပ် ချုပ်ဆိုခဲ့ပါတယ်။

 

ဒါ့အပြင် ပူတင်က မြောက်ကိုရီးယားကို စစ်လက်နက်ပစ္စည်းတွေ ပေးပို့နိုင်တယ်လို့လည်း ထုတ်ဖော်ပြောကြားခဲ့ ပါတယ်။

 

မြောက်ကိုရီးယားနဲ့ ရုရှား ကာကွယ်ရေးစာချုပ်ချုပ်ဆိုလိုက်ပြီး ရုရှားက မြောက်ကိုရီးယားကို အဆင့်မြင့်ပဲ့ထိန်း ဒုံးကျည်တွေ ပို့ပေးနိုင်တယ်လို့ ပြောကြားလိုက်တဲ့အတွက် တောင်ကိုရီးယားကလည်း ယူကရိန်းကို တိုက်ရိုက် လက်နက်မထောက်ပံ့ခဲ့တဲ့ ၎င်းတို့ရဲ့မူဝါဒကို ပြန်လည်ပြင်ဆင်နိုင်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

 

Ref: A US Navy aircraft carrier has arrived in South Korea just days after Russia and North Korea signed a defense pact

 

#PeopleMedia


Share this post