ရုရှား – ယူကရိန်းစစ်ပွဲကို ၂၄ နာရီအတွင်း ရပ်တန့်နိုင်တယ်လို့ ဒေါ်နယ်ထရမ့်ပြော
PUBLISHED - July 20, 2023
နိုင်ငံတကာ၊ ဇူလိုင် ၂၀
အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ၂၀၂၄ ခုနှစ်မှာ သူအာဏာရရှိလာပါက ရုရှားသမ္မတ ဗလာ ဒီမာပူတင်နဲ့ ယူကရိန်းသမ္မတ ဇလန်ဇကီတို့ကြား သဘောတူညီမှုရရှိအောင် တစ်ရက်အတွင်း ဆောင်ရွက် နိုင်ပြီး ပဋိပက္ခကို အဆုံးသတ်နိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။
FOX NEWS ရဲ့ “Sunday Morning Futures” အင်တာဗျူးမှာ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က မှတ်ချက်ပေးခဲ့တာဖြစ်ပြီး လက်ရှိအမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်ဟာ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ဆက်ဆံဖို့ မစွမ်းဆောင်နိုင်ကြောင်းနဲ့ ပူတင်နဲ့ ဇလန်ဇကီအကြောင်းကို သူက ကောင်းကောင်းသိတယ်လို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။
“သူတို့က အရမ်းတော်တဲ့ သူတွေပါ။ ဒီလူတွေက ထက်မြက်တယ်၊ ကြမ်းတယ်၊ အများအားဖြင့်တော့ ရက် စက်တယ်၊ ပြီးတော့ သူတို့က ကစားပွဲတိုင်းရဲ့ ထိပ်ဆုံးမှာရှိတဲ့သူတွေဖြစ်တယ်၊ ငါတို့ကတော့ ဘာဖြစ်နေ တယ်ဆိုတာ မသိတဲ့လူရှိတယ်၊ ကျွန်တော်တို့ နိုင်ငံသမိုင်းမှာ အန္တရာယ်အရှိဆုံး အချိန်ပါပဲ။ လို့ ထရမ့်က ပြောပါတယ်။
တကယ်လို့ ထရမ့်အာဏာရလာရင် စစ်ပွဲကို ဘယ်လို အဆုံးသတ်မလဲလို့ သတင်းထောက်က မေးတဲ့အခါ ထရမ့်က “ဇလန်ဇကီကို နောက်ဘယ်တော့မှ ထပ်မလုပ်ဖို့” အရင်ဆုံးပြောမယ်လို့ ပြောပါတယ်။
“ကျွန်တော် ဇလန်ဇကီကို ကောင်းကောင်းသိပါတယ်။ ငါတို့ ကြားမှာ ပြီးပြည့်စုံတဲ့ ဖုန်းခေါ်ဆိုမှုတွေရှိခဲ့ပါတယ်။ တကယ်တော့ သူတို့ ဘာတွေပြောနေမှန်းတောင် ဇလန်ဇကီက မသိပါဘူး။ သူက ဂုဏ်ယူစရာကောင်းတဲ့ လူတစ်ယောက်ပါ” လို့ ထရမ်က ပြောပါတယ်။
အဲ့ဒီနောက် ထရမ့်က “ကျွန်တော် ဇလန်ဇကီကို ကောင်းကောင်းသိပါတယ်။ ပူတင်ကို ပိုတောင်သိပါတယ်။ ပြီးတော့ သူတို့နှစ်ယောက်စလုံးနဲ့ အရမ်းကောင်းတဲ့ ဆက်ဆံရေးရှိခဲ့ပါတယ်။ ဒီတော့ ပဋိပက္ခကို အဆုံးသတ်ဖို့ အရင်ဆုံး ကျွန်တော် ဇလန်ဇကီကိုပြောမယ်။ နောက်မလုပ်နဲ့တော့ သဘောတူညီချက်ယူရမယ်။ ပြီးရင် ပူတင် ကိုပြောမယ် သဘောတူညီချက်ယူရမယ် တကယ်လို့ မင်းမလုပ်ရင် ငါတို့ အများကြီးပေးမယ်။ လိုအပ်ရင် ယူကရိန်းကို သူတို့ရဖူးတာထက်ပိုပေးမယ်။ ဒါပါပဲ သဘောတူညီချက်ကို လုပ်ရမှာက တစ်ရက်ထဲပါပဲ။ လို့ ပြောဆိုခဲ့ပါတယ်။
ref; FOX
#PeopleMedia #နိုင်ငံတကာ