ရုရှား-ယူကရိန်း စစ်ပွဲကနေ အဆိုးရွားဆုံးစစ်ပွဲတွေဖြစ်ပေါ်လာနိုင်တယ်လို့ ခန့်မှန်းထားကြောင်း ဂျာမန် စစ်သတင်းပေါက်ကြားထဲမှာ ဖော်ပြ
PUBLISHED - January 18, 2024
နိုင်ငံတကာ၊ ဇန်နဝါရီ ၁၈
လက်ရှိဖြစ်ပွားနေတဲ့ ရုရှား-ယူကရိန်းစစ်ပွဲကနေ အနာဂတ်ကာလမှာ အဆိုးရွားဆုံးစစ်ပွဲတွေဖြစ်ပေါ်လာနိုင် ကြောင်း ခန့်မှန်းချက်တွေကို ဂျာမန်တပ်မတော်ရဲ့ စစ်ဘက်ဆိုင်ရာသတင်းအချက်အလက်ပေါက်ကြားမှုမရ သိရပါတယ်။
ယူကရိန်းစစ်ပွဲမှာ ရုရှားက အနိုင်ရသွားခဲ့ရင် နေတိုးအဖွဲ့နဲ့ စစ်ပွဲဆက်လက်ဖြစ်ပွားလာနို်င်တဲ့ အခြေအနေတစ် ရပ်ကို ဂျာမန်သတင်းစာ Bild က ရရှိခဲတဲ့ ထိပ်တန်းလျှို့ဝှက် စစ်ရေးဆိုင်ရာအချက်အလက်တွေထဲမှာ ဖော်ပြ ထားတယ်လို့ ဆိုပါတယ်။
ရုရှားနိုင်ငံဟာ နယ်စပ်က ပိုလန်နိုင်ငံကို ဖိအားပေးပြီး ဘယ်လာရုစ်နိုင်ငံမှာ ရုရှားတပ်ဖွဲ့ဝင်တွေကို စုစည်းရင်း ၎င်းရဲ့အနောက်ဘက်နယ်မြေကနေ တိုက်ခိုက်လာနိုင်တယ်လို့ ဆိုပါတယ်။
အင်အားအလုံးအရင်းနဲ့ ကျူးကျော်တိုက်ခိုက်မှုဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလလောက်မှာ စတင်ဖြစ်ပေါ်လာ နိုင်တယ်လို့ အဲဒီမှတ်တမ်းထဲက အနာဂတ်ခန့်မှန်းခြေဖော်ပြချက်ထဲမှာ ထည့်သွင်းထားပါတယ်။
ဘော်လတစ်သုံးနိုင်ငံကို ဝင်ရောက်တိုက်ခိုက်ဖို့အတွက် ရုရှားတပ်ဖွဲ့ဝင်သစ် ၂၀၀,၀၀၀ ကို စစ်စည်းရုံးသိမ်း သွင်းပြီး စုဆောင်းသွားလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ရုရှားတိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ နေတိုးအဖွဲ့က ၎င်းတို့တပ်တွေကို အရှေ့ဥရောပမှာ တပ်ဖြန့်ချထားပြီး နောက် တင်းမာမှုတွေ ပိုမိုမြင့်တက်လာလိမ့်မယ်လို့ ဆိုပါတယ်။
စစ်ပွဲအတွင်း ရုရှားနိုင်ငံက ၎င်းတို့ရဲ့စစ်လက်နက်ပစ္စည်းတွေအသုံးပြုပြီး တိုက်ခိုက်တဲ့အပြင် နေတိုးအဖွဲ့ဝင် နိုင်ငံတွေကို ကြီးမားပြင်းထန်လှတဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေနဲ့လည်း တိုက်ခိုက်သွားမှာဖြစ်တယ်လို့ ဆိုပါ တယ်။ ရုရှားရဲ့အဓိက ရည်ရွယ်ချက်က ဘော်လတစ်သုံးနိုင်ငံဖြစ်တဲ့ အက်စ်တိုးနီးယား၊ လစ်သူယေးနီးယားနဲ့ လတ် ဗီးယားနိုင်ငံတွေကို မတည်မငြိမ်ဖြစ်စေဖို့ ပြည်တွင်းမှာ ပရမ်းပတာဖြစ်အောင် လှုံ့ဆော်သွားဖို့ ဖြစ်တယ်လု့ိ ဆိုပါတယ်။
ရုရှားအစိုးရဟာ ပိုလန်နဲ့ လစ်သူယေးနီးယားကြားထဲက ကြားခံနယ်မြေဖြစ်တဲ့ ဆူဝယ်လ်ကီနယ်မြေ (Suwałki Gap) ကိုသိမ်းပိုက်ဖို့အတွက် နေတိုးအဖွဲ့က တိုက်ခိုက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဝါဒဖြန့်ပြီး ကာလီနင် ဂရက်ဒေသကိုလည်း ဗုံးကြဲတိုက်ခိုက်နိုင်တယ်လို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲအပြီး အမေရိကန်အစိုးရ အာဏာအကူးအပြောင်းကာလလောက် မှာဖြစ်စေ ၂၀၂၅ ခုနှစ် အစောပိုင်းကာလလောက်မှာဖြစ်စေ နေတိုးအဖွဲ့ရဲ့တုံ့ပြန်မှုကြောင့် စစ်ပွဲဟာ အပြင်းထန် ဆုံးအဆင့်ကို ရောက်ရှိလာနိုင်တယ်လို့ ပေါက်ကြားသတင်းထဲမှာ ဖော်ပြထားပါတယ်။
တချို့ခန့်မှန်းချက်တွေက ဖြစ်နိုင်ခြေအလွန်နည်းပေမဲ့ ဖြစ်နိုင်ခြေအားလုံးကိုတော့ စဉ်းစားချင့်ချိန်နေကြောင်း ဂျာမန်ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။
“အခြေခံအားဖြင့် ကျွန်တော် ခင်ဗျားတို့ကို ပြောနိုင်တာကတော့ အဲဒီခန့်မှန်းချက်တွေက ဖြစ်နိုင်ခြေ အလွန့် အလွန်နည်းပါးတယ်ဆိုရင်တောင် အနာဂတ်ခန့်မှန်းခြေအမျိုးမျိုးကို စဉ်းစားချင့်ချိန်ခြင်းဟာ နေ့စဉ်ဆောင်ရွက် တဲ့စစ်ဘက်ဆိုင်ရာလုပ်ငန်းရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
စစ်ပွဲဖြစ်ပွားလာနိုင်တဲ့အချိန်ခန့်မှန်းဖော်ပြချက်ဟာ မဖြစ်နိုင်ပေမဲ့ အနောက်နိုင်ငံတွေရဲ့ ယူကရိန်းစစ်ပွဲထောက် ပံ့မှု တဖြည်းဖြည်းလျော့ပါးလာခဲ့ရင် ရုရှားနိုင်ငံဟာ နေတိုးနိုင်ငံနယ်စပ်တွေအထိ မလွဲမသွေ တိုက်ခိုက်လာနိုင် ကြောင်း အမေရိကန်အခြေစိုက် စစ်ပွဲလေ့လာရေးအင်စတီကျူက ပြောပါတယ်။
Ref: Leaked Military Docs Reveal ‘Worst-Case Scenario’ of Russia-Ukraine War
#PeopleMedia