• Follow Us on

Home ရုရှား EW ကို တန်ပြန်တိုက်ခိုက်နိုင်အောင် ယူကရိန်း F-16 တွေကို အမေရိကန်လေတပ်က အဆင့်မြှင့်တင်ပေးခဲ့

ရုရှား EW ကို တန်ပြန်တိုက်ခိုက်နိုင်အောင် ယူကရိန်း F-16 တွေကို အမေရိကန်လေတပ်က အဆင့်မြှင့်တင်ပေးခဲ့

Share this post

နိုင်ငံတကာ၊ သြဂုတ် ၃၀

 

အမေရိကန်လေတပ် အီလက်ထရောနစ်စစ်ဆင်ရေး (EW) အထူးကျွမ်းကျင်ပညာရှင်အဖွဲ့တစ်ဖွဲ့ဟာ ဒိန်းမတ်နဲ့ နယ်သာလန်က ယူကရိန်းကို ပေးပို့ထားတဲ့ F-16 ဂျက်တိုက်လေယာဉ်တွေကို ရုရှားအီ လက်ထရောနစ်စစ် ဆင်ရေးတိုက်ခိုက်မှုကနေ ရှောင်ကွင်းပြီး ပြန်လည်တိုက်ခိုက်နိုင်အောင် နည်းပညာအဆင့်မြှင့်တင်ပေးခဲ့ပါ တယ်။

 

ရင်းနှီးကျွမ်းဝင်မှုမရှိတဲ့ အီလက်ထရောနစ်စစ်ဆင်ရေးစနစ်တွေနဲ့ပတ်သက်ပြီး အဆင့်မြှင့်တင်ပေးဖို့ မေတ္တာရပ် ခံလာတာကို လက်ခံလိုက်ပြီးနောက် အမေရိကန် အမှတ် ၆၈ အီလက်ထရောနစ်စစ်ဆင်ရေးတပ်ဖွဲ့ (68th EWS) က အခုလို ဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။

 

“ဒီစိန်ခေါ်မှုကို ချဉ်းကပ်ရာမှာ reprogramming center အများစုက ဘာနည်းလမ်းမှ မရှိဘူးလို့ ပြောခဲ့ပါလိမ့် မယ်။ ဒါက မလုပ်ဖူးသေးတဲ့ စီမံချက်ပါ။ ကျွန်တော်တို့တွေ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြ တယ်။ ငါတို့မလုပ်ရင် ဘယ်သူလုပ်မှာလဲပေါ့။ ဒီကိစ္စဆောင်ရွက်ဖို့ ကျွန်တော်တို့ဟာ အသင့်တော်ဆုံးအဖွဲ့ပါပဲ။” လို့ 68th EWS အင်ဂျင်နီယာချုပ်က ပြောပါတယ်။

 

ကျွမ်းကျင်ပညာရှင်တွေ၊ လူငယ်အင်ဂျင်နီယာတွေပါဝင်တဲ့ ဆုံးဖြတ်ချက်ခိုင်မာတဲ့ အဲဒီအဖွဲ့ဟာ ဒိန်းမတ်နဲ့ နော် ဝေက ပေးပို့တဲ့သတင်းအချက်အလက်တွေကို အသုံးပြုပြီး အဲဒီစိန်ခေါ်မှုကို လက်ခံခဲ့တာဖြစ်ပါတယ်။

 

လုပ်ငန်းစတင်ဆောင်ရွက်ခြင်းမပြုမီ အဲဒီစနစ်ကို နားလည်ဖို့အတွက် နည်းလမ်းအသစ်တွေနဲ့ လုပ်ငန်းစဉ်အ သစ်တွေကို နှစ်ပတ်ကြာတဲ့အထိ ပြောင်းလဲကျင့်သုံးခဲ့ပါတယ်။

 

“စနစ်ကိုနားလည်ပြီးတဲ့နောက် 68th EWS တပ်ဖွဲ့ဟာ ပုံမှန်ဆောင်ရွက်နေတဲ့ နည်းလမ်းတွေကနေ နောက် ထပ်လမ်းကြောင်းပြောင်းဆောင်ရွက်ခဲ့ပြီး မိတ်ဖက်နိုင်ငံတစ်ခုက အဖွဲ့ဝင်တွေနဲ့အတူ စနစ်တစ်ခု ဒီဇိုင်းရေးဆွဲ ထုတ်လုပ်စမ်းသပ်ဖို့အတွက် 68th EWS က အဖွဲ့ဝင်တွေကို အဲဒီမိတ်ဖက်နိုင်ငံကို စေလွှတ်ခဲ့ပါတယ်။” လို့ အမေရိကန်လေတပ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

 

အီလက်ထရောနစ်စစ်ဆင်ရေးဟာ အာရုံခံခြင်း၊ ကာကွယ်ခြင်း၊ ဆက်သွယ်ခြင်းတွေ ဆောင်ရွက်ဖို့အတွက် ရေဒီ ယို၊ အနီအောက်ရောင်ခြည်နဲ့ ရေဒါတို့လို ဆက်သွယ်မှုစနစ်တွေဖြစ်တဲ့ electromagnetic spectrum ကိုအသုံး ပြုနိုင်တဲ့ “စွမ်းရည်” ဖြစ်ကြောင်း လော့ဟိမာတင်ကုမ္ပဏီက ပြောပါတယ်။

 

အပြန်အလှန်အားဖြင့် ဒီစနစ်ဟာ အခုလို အချက်ပြစနစ်တွေအသုံးပြုနေတဲ့ ရန်သူ့စွမ်းရည်ကို ဟန့်တား၊ နှောင့် ယှက်ပြီး ရန်သူ့ စွမ်းရည်လျော့ကျသွားအောင် လုပ်ဆောင်တဲ့ လုပ်ငန်းစဉ်တွေနဲ့လည်း ဆက်စပ်နေပါတယ်။

 

နောက်ထပ် ထွက်ပေါ်လာတဲ့ ခြိမ်းခြောက်မှုအသစ်တွေကို တုံ့ပြန်နိုင်ဖို့အတွက် database တွေကို အဆင့်မြှင့် တင်ရာမှာ ပရိုဂရမ်ပြန်လည်ရေးသွင်းဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

 

“ယူကရိန်းစစ်တပ်ရော ရုရှားစစ်တပ်ပါ ရည်မှန်းချက်တွေ အောင်မြင်စွာတိုက်ခိုက်နိုင်ဖို့အတွက် electromagnetic spectrum တွေအသုံးပြုနိုင်ဖို့ ကန့်သတ်မှုမရှိတဲ့လမ်းကြောင်းတွေကို အကြီးအကျယ်မှီခို သုံးစွဲနေရတယ်။ နှစ်ဖက်စလုံးဟာ စစ်ပွဲတစ်လျှောက်လုံး jamming နဲ့ spoofing တို့လို နည်းပညာတွေကို အသုံးပြုပြီး အီလက်ထရောက်နစ်စစ်ဆင်ရေးကို အဆက်မပြတ်ဆောင်ရွက်ခဲ့ကြတယ်။” လို့ အမေရိကန်လေ တပ်က ပြောပါတယ်။

 

Ref: USAF Upgrades Ukrainian F-16s against Russian Electronic Warfare

 

#PeopleMedia


Share this post