• Follow Us on

Home ရုရှား jamming ကြောင့် ယူကရိန်းစစ်ပွဲမှာ အမေရိကန်ထုတ် HIMARS ရော့ကက်တွေ ထိရောက်စွာ မပစ်ခတ်နိုင်

ရုရှား jamming ကြောင့် ယူကရိန်းစစ်ပွဲမှာ အမေရိကန်ထုတ် HIMARS ရော့ကက်တွေ ထိရောက်စွာ မပစ်ခတ်နိုင်

Share this post

နိုင်ငံတကာ၊ မေ ၂၈

 

အမေရိကန်က ယူကရိန်းကို ထောက်ပံ့ထားတဲ့ (High Mobility Artillery Rocket System – HIMARS) အ တွဲလိုက်ဒုံးပစ်လောင်ချာ လက်နက်စနစ်ဟာ ရုရှားနိုင်ငံရဲ့ jamming စနစ်ကြောင့် လုံးဝထိရောက်မှုမရှိကြောင်း The Defense မှာ ရေးသားဖော်ပြထားပါတယ်။

 

အမေရိကန်လက်နက်တွေထဲက ခေတ်အမီဆုံးလက်နက်တချို့ရဲ့ အပြစ်အနာအဆာတွေကို ထုတ်ဖော်လိုက် တဲ့ The Washington Post က ကြည့်ရှုခဲ့ရတဲ့ ယူကရိန်းလက်နက်စနစ်လျှို့ဝှက်ဆန်းစစ်လေ့လာမှုတစ်ခုကို အခြေခံပြီး ပြောကြားလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

 

ရုရှားအီလက်ထရောနစ်လက်နက်တွေရဲ့စွမ်းရည်တွေကြောင့် ပစ်မှတ်ရှာဖွေရာမှာ ပြဿနာတွေနဲ့ ကြုံတွေ့နေ ရတဲ့အတွက် အမေရိကန်ထောက်ပံ့ထားတဲ့လက်နက်တချို့အသုံးပြုတာကို ယူကရိန်းက ရပ်ဆိုင်းထားကြောင်း အဆိုပါဆန်းစစ်မှုအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

HIMARS အတွဲလိုက်ဒုံးပစ်လောင်ချာဟာ တစ်ခါတရံ ပစ်မှတ်နဲ့ ပေ ၅၀ (၁၅ မီတာ) ကျော် လွဲချော်လေ့ရှိတယ် လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

 

လော့ဟိမာတင်ကုမ္ပဏီထုတ် HIMARS အတွဲလိုက်ဒုံးပစ်လောင်ချာသာမက GPS လမ်းညွှန်စနစ်နဲ့ပစ်ခတ်တဲ့ Excalibur အမြောက်ကျည်တွေလည်း ရုရှား jamming တွေက ဟန့်တားနှောက်ယှက်နိုင်တဲ့အတွက် ထိ ရောက်မှုနည်းပါးကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

“လက်ရှိ အမြောက်ကျည်တွေထဲမှာ ပစ်မှတ်တစ်ခု ကျည်တစ်တောင့်လို့ ဂုဏ်သတင်းမွှေးခဲ့တဲ့ Excalibur နည်း ပညာဟာလည်း စွမ်းရည်တွေ ပျောက်ဆုံးကုန်ပါပြီ။” လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

 

အမေရိကန်ထောက်ပံ့ထားတဲ့ HIMARS ရော့ကက်တွေကို ရှာဖွေပစ်ခတ်ရ ခက်ခဲတဲ့ ပစ်မှတ်တွေလို့ မသတ် မှတ်တော့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မကြာသေးခင်ကပဲ ပြောကြားခဲ့ပါတယ်။

 

ရုရှားထုတ် Buk-M1 မြေပြင်-ဝေဟင်ပစ် ဒုံးကျည်တွေဟာ အမေရိကန်ထုတ် ခေတ်မီလက်နက်တေါကို ကောင်း ကောင်းပစ်ချနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။

 

Buk-M1 ဒုံးကျည်အများစုကို ရုရှားသိမ်းပိုက်ထိန်းချုပ်ထားတဲ့ ယူကရိန်းနယ်မြေတွေကို ကာကွယ်ဖို့အတွက် ဒွန်းညက်နယ်မြေမှာ တပ်ဖြန့်ချထားပါတယ်။

 

“ဒီလက်နက်စနစ်ရဲ့အဓိကဝှက်ဖဲက တိကျစွာပစ်ခတ်နိုင်တာပဲဖြစ်ပါတယ်။ အဲဒီဝှက်ဖဲကတော့ အနောက်နိုင်ငံ ထုတ်ဒုံးကျည်တွေအပါအဝင် ဘယ်လိုရန်သူ့လေကြောင်းပစ်မှတ်ကိုမှ ဒီအတိုင်းချန်မထားခဲ့တာပဲဖြစ်ပါတယ်။” လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

 

Buk-M1 ဒုံးကျည်ဟာ ကီလိုမီတာ ၁၀၀ (၆၂ မိုင်) အကွာက ပစ်မှတ်ကို ပစ်ခတ်တိုက်ခိုက်နို်င်ပါတယ်။

 

Ref: US-Made HIMARS ‘Ineffective’ in Ukraine Due to Russian Jamming: Report

 

#PeopleMedia


Share this post