• Follow Us on

Home ရူပဗေဒဘာသာရပ်ကို လာရောက်ဖြေဆိုသူရာခိုင်နှုန်း ၈၈ ဒဿမ ၅၅ ရာခိုင်နှုန်းရှိပြီး၊ သမိုင်းဘာသာရပ်ကို လာရောက်ဖြေဆိုသူရာခိုင်နှုန်း ၈၃ ဒဿမ ၃၂ ရာခိုင်နှုန်းရှိ

ရူပဗေဒဘာသာရပ်ကို လာရောက်ဖြေဆိုသူရာခိုင်နှုန်း ၈၈ ဒဿမ ၅၅ ရာခိုင်နှုန်းရှိပြီး၊ သမိုင်းဘာသာရပ်ကို လာရောက်ဖြေဆိုသူရာခိုင်နှုန်း ၈၃ ဒဿမ ၃၂ ရာခိုင်နှုန်းရှိ

Share this post

နေပြည်တော်၊ မတ် ၁၆

 

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်တွင် စတင်ကျင်းပလျက်ရှိရာ မတ်လ ၁၅ရက်နေ့တွင် ပဉ္စမနေ့အဖြစ် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်တို့ကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက် ဖြေဆို လျက်ရှိကြောင်း သိရသည်။

 

ယင်းသို့ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့် အပြင်များ၌ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များက  စနစ်တကျစောင့်ကြပ်ကြည့်ရှုပေးလျက်ရှိကြောင်း သိရသည်။

 

ယခုနှစ်တွင် ရူပဗေဒဘာသာရပ်အား နိုင်ငံခြားစာစစ်ဌာန ၁၁ ခု နှင့် ပြည်တွင်း၌ စာစစ်ဌာန  ၈၂၄ ခု စာစစ်ဌာန စုစုပေါင်း ၈၃၅ ခု ဖွင့်လှစ် ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၁၂၅၈၇၀ ဦးရှိပြီး  ရူပဗေဒဘာသာရပ်ကို လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၁၁၄၆၂ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၈၈ ဒဿမ ၅၅  ရာခိုင်နှုန်းရှိကြောင်းနှင့်  သမိုင်းဘာသာရပ်အား နိုင်ငံခြားစာစစ်ဌာန ၂ ခု နှင့် ပြည်တွင်း၌ စာစစ်ဌာန  ၇၀၇ ခု စာစစ်ဌာန စုစုပေါင်း ၇၀၉ ခု ဖွင့်လှစ် ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၂၀၆၅၁ ဦးရှိပြီး   သမိုင်းဘာသာရပ်ကို လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၇၂၀၇ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၈၃ ဒဿမ ၃၂ ရာခိုင်နှုန်းရှိကြောင်းတို့ကို ပညာရေးဝန်ကြီးဌာနမှ သိရသည်။

 

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ရက်နေ့တွင် မြန်မာစာဘာသာရပ်ကို စတင် ဖြေဆိုခဲ့ပြီး မတ် ၁၂ ရက်တွင် အင်္ဂလိပ်စာဘာသာရပ်၊ မတ် ၁၃ရက်တွင် သင်္ချာဘာသာရပ်၊ မတ် ၁၄ ရက်တွင် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်ကို ဖြေဆိုခဲ့ကြောင်း၊ မတ် ၁၅ ရက်တွင် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်၊ မတ် ၁၆ ရက်တွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့ကို ဖြေဆိုကြရမည် ဖြစ်၍ မတ် ၁၇ ရက်အား ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း သိရသည်။

 

ဆက်လက်ပြီး မတ် ၁၈ ရက် တနင်္လာနေ့တွင် လူမှုရေးသိပ္ပံဘာသာရပ်၊ မတ် ၁၉ ရက် အင်္ဂါနေ့တွင် စိတ်ကြိုက် မြန်မာစာစသည်ဖြင့် အသီးသီးဖြေဆိုကြရမည်ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post