ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် လိုက်နာရန်အချက်များနှင့် ရှောင်ရှားသင့်သည့်အချက်များအား နစက ထုတ်ပြန်
PUBLISHED - August 9, 2023
နေပြည်တော်၊ ဩဂုတ် ၉
ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် လိုက်နာရန်အချက်များနှင့် ရှောင်ရှားသင့်သည့်အချက်များအား နစကမှ ထုတ်ပြန်လိုက်သည်။
ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် လိုက်နာရန်အချက်များမှာ သက်ဆိုင်ရာအစိုးရဌာနမှ ထုတ်ပြန်ကြေညာသော မိုးလေဝသသတင်းများကို စဉ်ဆက်မပြတ် နားထောင်ပြီး ကြံပြုချက်များကို လိုက်နာရန်၊ အိမ်သုံး လျှပ်စစ် ပစ္စည်းများ၊ မိန်းခလုတ်များကို ပိတ်ထားရန်နှင့် သောက်သုံးရေသန့် (သို့) ကျိုချက်ထားသောရေ (သို့) ရေ သန့်ဆေးခတ်ထားသော ရေကိုသာ အမြဲသောက်သုံးရန် စသည့်အချက်များကို ထုတ်ပြန်ထားသည်။
ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် ရှောင်းရှားသင့်သည့် အချက်များမှာ တိရစ္ဆာန်များကို မလိုအပ်ဘဲ ချည် နှောင်ထားခြင်း မပြုလုပ်ရန်၊ ရေကြီးသော ဒေသများတွင် မြစ်၊ချောင်းကမ်းပါးတိုက်စားပြီး ပြိုကျတက်သော ကြောင့် မြစ်၊ ချောင်းကမ်းပါးများအနီးသို့ မသွားရန်၊ ရေထဲတွင် ရေကူးခြင်း၊ လမ်းလျှောက်ခြင်းများ မပြု လုပ်ရန်နှင့် ရေစိုနေသော လျှပ်စစ်ပစ္စည်းများကို အသုံးမပြုရန် စသည့်အချက်များကို အသိပေးနှိုးဆော် ထားသည်။
#PeopleMedia