• Follow Us on
Latest News

Home ရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းဆောင်ရွက်ရန် ရုရှားရေတပ်မှ စစ်ရေယာဉ်များ ရန်ကုန်မြို့သို့ရောက်ရှိ

ရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းဆောင်ရွက်ရန် ရုရှားရေတပ်မှ စစ်ရေယာဉ်များ ရန်ကုန်မြို့သို့ရောက်ရှိ

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၃

 

ရုရှားရေတပ်မှ ဖျက်သင်္ဘော(Destroyer)များဖြစ်သည့် စစ်ရေယာဉ် Admiral Tributs ၊ Admiral Panteleev နှင့် Sea Tanker Pechenga တို့သည် မြန်မာနိုင်ငံတော်သို့ ပထမအကြိမ် မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေး ဆိုင်ရာ လေ့ကျင့်ခန်းဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေး ခရီးလည်ပတ်ရန်အတွက် ယမန်နေ့ညနေပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိရာ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ၊ ရုရှား စစ်သံမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

 

အဆိုပါစစ်ရေယာဉ်များတွင် အဖွဲ့ခေါင်းဆောင်အဖြစ် ရုရှားရေတပ် Russian Pacific Fleet မှ Captain 1st Rank Aleksei Anciferov ဦးစီး၍ အရာရှိ၊ စစ်သည်စုစုပေါင်း ၈၀၀ ဦးခန့် လိုက်ပါလာပြီး ရန်ကုန်မြို့ရှိ အထင် ကရနေရာများသို့ လေ့လာလည်ပတ်ခြင်း၊ နှစ်နိုင်ငံချစ်ကြည်ရေးအားကစားပြိုင်ပွဲများ ပြုလုပ်ခြင်းနှင့် ဆိပ်ကမ်း အခြေပြုလေ့ကျင့်ခန်း(Harbour Phase) ဆောင်ရွက်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post