• Follow Us on
Latest News

Home ရေခဲချောင်းရောင်းသည့် အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ သေဆုံး

ရေခဲချောင်းရောင်းသည့် အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ သေဆုံး

Share this post

နေပြည်တော်၊ သြဂုတ် ၁၁

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့၊ ကွတ်ခိုင်-တာမိုးညဲလမ်းပိုင်း၊ မော်ဟန်ကျေးရွာအနီး တွင် ရေခဲချောင်းရောင်းသည့် အမျိုးသားတစ်ဦး သေနတ်ပတ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

 

သြဂုတ်လ ၁၀ ရက် မွန်းတည့် ၁၂ နာရီကျော်တွင် ကွတ်ခိုင်-တာမိုးညဲလမ်းပိုင်း၊ မော်ဟန်ရွာအနီးတွင် အမျိုး သားတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း ပြည်သူများမှ ဒေသခံလူမှုကူညီရေးအသင်းသို့ ဖုန်းဆက် သောကြောင့် ရုပ်အလောင်းကို သွားရောက်သယ်ဆောင်ခဲ့ကြောင်း သိရသည်။

 

ထိုသေနတ်ဒဏ်ရာများဖြင့် ပစ်ခတ်ခံရသည့် အမျိုးသားမှာ ကွတ်ခိုင်မြို့၊ ရပ်ကွက် (၈) တွင် နေထိုင်သူတစ်ဦး ဖြစ်ပြီး ၎င်းမှာမော်တော်ဆိုင်ကယ်ဖြင့် ရေခဲချောင်းများကို လိုက်လံရောင်းနေသည့် အမျိုးသားဖြစ်ပြီး သေနတ် ပစ်ခတ်ခံရမှုကြောင့် ဦးခေါင်း၊ မျက်စိနှင့် လည်ပင်းတို့တွင် ကျည်ထိဒဏ်ရာများဖြင့် သေဆုံးနေကြောင်း၊ ရုပ် အလောင်းကို ဒေသခံလူမှုကူညီရေးအသင်းမှ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သိရသည်။

 

လက်ရှိအချိန်တွင် ထိုအမျိုးသားကို မည်သူများမှပစ်ခတ်သွားသည်ကို သိရှိရခြင်းမရှိကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post