• Follow Us on
Latest News

Home ရေငုပ်သင်္ဘောတိုက်ဖျက်ရေးလေယာဉ်ဝယ်ယူဖို့ ဖိလစ်ပိုင်သမ္မတကို အင်ဒိုသမ္မတတိုက်တွန်း

ရေငုပ်သင်္ဘောတိုက်ဖျက်ရေးလေယာဉ်ဝယ်ယူဖို့ ဖိလစ်ပိုင်သမ္မတကို အင်ဒိုသမ္မတတိုက်တွန်း

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၃

 

အင်ဒိုနီးရှားသမ္မတဂျိုကိုဝီဒိုဒိုက အင်ဒိုနီးရှားနိုင်ငံက ရေငုပ်သင်္ဘောတိုက်ဖျက်ရေးလေယာဉ်ကို ဝယ်ယူဖို့ ဖိလစ် ပိုင်သမ္မတဖာဒီနန်မားကို့စ်ဂျူနီယာကို တိုက်တွန်းခဲ့ပါတယ်။

 

ကာကွယ်ရေးနဲ့ နယ်စပ်လုံခြုံရေးကင်းလှည့်ဖို့အတွက် ဆွေးနွေးဖို့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ မားကို့စ်နဲ့ တွေ့ ဆုံစဉ် အင်ဒိုနီးရှားသမ္မတဝီဒိုဒိုက ပြောကြားခဲ့တာဖြစ်ပါတယ်။

 

အင်ဒိုနီးရှားသမ္မတကမ်းလှမ်းခဲ့တဲ့ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးလေယာဉ်အမျိုးအစားနဲ့ ဖိလစ်ပိုင်သမ္မတမား ကို့စ်ဘက်က ဘယ်လိုတုံ့ပြန်သလဲဆိုတာကို အသေးစိတ်ဖော်ပြထားခြင်းမရှိပါဘူး။

 

ဖိလစ်ပိုင်နိုင်ငံဟာ အငြင်းပွားရေပိုင်နက်မှာ တရုတ်နိုင်ငံနဲ့ သံတမန်ဆိုင်ရာအငြင်းပွားမှုတွေဖြစ်နေပြီး အနောက် ဖိလစ်ပိုင်ပင်လယ်ထဲမှာ တင်းမာမှုတွေမြင့်တက်ချိန်မှာ အခုလို အင်ဒိုနီးရှားသမ္မတဘက်က ကမ်းလှမ်းလာတာ ဖြစ်ပါတယ်။

 

ဒေသတွင်းကာကွယ်ရေးအင်အားမြှင့်တင်ဖို့အတွက် လာမယ့်နှစ်တွေမှာ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရဟတ် ယာဉ် ၄ စင်း ဝယ်ယူဖို့ ဖိလစ်ပိုင်တပ်မတော်က စီစဉ်ထားပါတယ်။

 

အငြင်းပွားပင်လယ်ပြင်အတွင်း တရုတ်ကြီးစိုးမှုမြင့်တက်လာတာကို တုံ့ပြန်ဖို့ ကြိုးစားတဲ့အနေနဲ့ ဖိလစ်ပိုင်နိုင်ငံ ဟာ မကြာသေးခင်ကပဲ ပင်လယ်ရေကြောင်း ကင်းလှည့်စစ်ဆင်ရေးကို အရှိန်မြှင့်ဆောင်ရွက်ခဲ့ပါတယ်။

 

ဘတ်ဂျက်မလုံလောက်မှုနဲ့ ရင်ဆိုင်နေရတဲ့ ဖိလစ်ပိုင်တပ်မတော်ဘက်ပေါင်းစုံအဆင့်မြှင့်တင်ရေးအစီအစဉ်ကို ပြီးခဲ့တဲ့နှစ်က ဖိလစ်ပိုင်တပ်မတော်က စတင်စဉ်းစားလာပါတယ်။

 

ဒါ့အပြင် သမ္မတဟောင်းရိုဒရီဂိုဒူတာတေးလက်ထက်က ရပ်ဆိုင်းထားခဲ့တဲ့ တောင်တရုတ်ပင်လယ်ထဲမှာ အမေရိကန်တပ်ဖွဲ့ဝင်တွေနဲ့ ပူးတွဲကင်းလှည့်မယ့်အစီအစဉ်ကိုလည်း ပြန်လည်ဆောင်ရွက်မှာဖြစ်ကြောင်း ဖိလစ်ပိုင်အစိုးရက ကြေညာခဲ့ပါတယ်။

 

Ref: Indonesia Urges Philippines to Buy Anti-Submarine Aircraft

 

#PeopleMedia


Share this post