ရေစကြိုမြို့တွင် မိုင်းထောင်နေသည့် PDF တစ်ဦးကို လက်နက်များနှင့်အတူ အသေဖမ်းဆီးရရှိ
PUBLISHED - December 9, 2023
နေပြည်တော်၊ ဒီဇင်ဘာ ၉
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့၊ ချင်းတွင်းမြစ်ဆိပ်ကမ်း၌ မိုင်းထောင်နေသည့် PDF တစ်ဦးကို လက်နက်များနှင့်အတူ လုံခြုံရေးတပ်ဖွဲ့များမှ အသေဖမ်းဆီးရရှိနိုင်ခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၈ ရက် ညနေ ၅ နာရီဝန်းကျင်တွင် ချင်းတွင်းမြစ်ဆိပ်ကမ်း၌ PDF များမိုင်းထောင်နေကြောင်း သတင်းရရှိသောကြောင့် လုံခြုံရေးတပ်ဖွဲ့များမှ သွားရောက်ရှင်းလင်းပစ်ခတ်ခဲ့ကြောင်း သိရသည်။
ထိုရှင်းလင်းပစ်ခတ်ရာတွင် PDF အလောင်း (၁) လောင်း၊ လက်လုပ်သေနတ်အရှည် ၁ လက်၊ လက်လုပ် ကျည်အိမ် ၁ ခု၊ ၅.၅၆ မမကျည် ၅ တောင့်၊ ၁၂ ဗိုကျည် ၂ တောင့်၊ လက်လုပ်မိုင်း ၂ လုံး နှင့် ဝါယာကြိုး ၁ ချောင်းတိုအား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
Photo – Credit
#PeopleMedia