• Follow Us on
Latest News

Home ရေစကြိုမြို့တွင် အထက်တန်းပြဆရာမတစ်ဦးကို PDF များမှ ဖမ်းဆီးသတ်ဖြတ်

ရေစကြိုမြို့တွင် အထက်တန်းပြဆရာမတစ်ဦးကို PDF များမှ ဖမ်းဆီးသတ်ဖြတ်

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၂၈

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့၊ အောင်ပန်းချောင်းကျေးရွာတွင် ကျောင်းဆရာမတစ်ဦးကို PDF များမှ ဖမ်းဆီးသတ်ဖြတ်လိုက်ကြောင်း သိရသည်။

 

နိုဝင်ဘာလ ၂၈ ရက် နံနက် ၁ နာရီဝန်းကျင်တွင် PDF များမှ အောင်ပန်းချောင်းကျေးရွာရှိ ကျောင်းဆရာမ ဒေါ်မာစီ၏ နေအိမ်သို့ရောက်ရှိလာပြီး ထိုကျောင်းဆရာမကို ဖမ်းဆီးခေါ်ဆောင်ပြီး ယင်းကျေးရွာအထွက်တွင် သတ်ဖြတ်လိုက်ကြောင်း သိရသည်။

 

ထို PDF များမှ ကျောင်းဆရာမ ဒေါ်မာစီကို လက်ပြန်ကြိုးတုတ်၍ လည်ပင်းကိုဓားဖြင့်လှီးဖြတ်သွားကြောင်း သိရသည်။

 

ပြီးခဲ့သည့်ရက်ပိုင်းကလည်း ပခုက္ကူ-ရေစကြိုကားလမ်း ကျောက်လှေခါးကျေးရွာအနီးတွင် အမျိုးသား(၂) ဦး သတ်ဖြတ်ခံရသည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

 

Photo – Credit

 

#PeopleMedia


Share this post