ရေစကြိုမြို့တွင် PDF (၁) လောင်းနှင့်အတူ လက်နက်များ သိမ်းဆည်းရမိ

PUBLISHED - September 29, 2023
နေပြည်တော်၊ စက်တင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့၊ ကိုင်းမကြီးကျေးရွာအနီးတွင် PDF အလောင်း (၁) လောင်းနှင့် အတူ လက်နက်ခဲယမ်းများကို လုံခြုံရေးတပ်ဖွဲ့များမှ သိမ်းဆည်းရရှိကြောင်း သိရသည်။
စက်တင်ဘာလ ၂၈ ရက် နံနက် ၉:၃၀ အချိန်တွင် လုံခြုံရေးတပ်ဖွဲ့များမှ ရေစကြိုမြို့ရှိ ကျေးရွာတစ်ချို့ကို လုံခြုံရေးတပ်ဖွဲ့မျာမှ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ် ကိုင်းမကြီးကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ ဝင်များနှင့် PDF တို့အပြန်အလှန်ပစ်ခတ်ရာခဲ့ကြောင်း သိရသည်။
ထိုပစ်ခတ်မှုကြောင့် PDF အလောင်း (၁) လောင်း၊ ၎င်းကိုင်ဆောင်သည့် လက်လုပ်သေနတ် ၁ လတ်၊ လက် လုပ်ကျည်အိမ် ၁ ခု နှင့်အတူ ၇.၆၂ မမကျည် ၈ တောင့်တို့အား သိမ်းဆည်းရရှိကြောင်း သိရသည်။
Photo – Credit
#PeopleMedia