• Follow Us on
Latest News

Home ရေစကြိုမြို့နယ်တွင် ကျေးလက်ဆေးပေးခန်းအတွင်း စခန်းချနေသည့် PDF လေးဦး အသေရ

ရေစကြိုမြို့နယ်တွင် ကျေးလက်ဆေးပေးခန်းအတွင်း စခန်းချနေသည့် PDF လေးဦး အသေရ

Share this post

နေပြည်တော်၊ ဇူလိုင် ၃

 

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ကြူတောကျေးရွာတွင် ကျေးလက်ဆေးပေးခန်းအတွင်း စခန်းချ နေသည့် PDF အဖွဲ့ဝင်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းရာ PDF လေးဦး အသေ ရရှိခဲ့သည်။

 

ဇူလိုင်လ (၂)ရက် နံနက် (၆)နာရီခန့်က ကြူတောကျေးရွာ ကျေးလက်ဆေးပေးခန်းတွင် အကြမ်းဖက် PDF များ ခိုအောင်းနေကြောင်း သတင်းအရ လုံခြုံရေးအဖွဲ့များက သွားရောက်ရှင်းလင်းခဲ့ရာ ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့ သည်။

 

အဆိုပါ တိုက်ပွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် PDF လေးဦး သေဆုံးသွားပြီး Type 81 သေနတ် (၁)လက်၊ လက်လုပ်သေနတ်(အရှည်) (၇)လက်၊ လက်လုပ်သေနတ်(အတို) (၁)လက်၊ ကျည်မျိုးစုံ (၈၀)တောင့်၊ ကျည်အိမ် (၂)ခု၊ အိုင်ကွန် (၂)လုံးတို့အား သိမ်းဆည်းရမိကြောင်း သိရသည်။

 

#PeopleMedia


Share this post