• Follow Us on

Home ရေစကြိုမြို့နယ်တွင် PDF အလောင်း (၂) လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ရေစကြိုမြို့နယ်တွင် PDF အလောင်း (၂) လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

Share this post

နေပြည်တော်၊ သြဂုတ် ၄

 

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ သပြေပင်ကျေးရွာအနီးတွင် PDF အလောင်း (၂) လောင်းနှင့် လက် နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။

 

ယနေ့ သြဂုတ်လ (၄) ရက် နံနက်ပိုင်းက သပြေပင်ကျေးရွာအနီးတွင် တပ်မတော်စစ်ကြောင်းကို ချောင်းမြောင်း တိုက်ခိုက်ရန် စောင့်ဆိုင်းနေသည့် PDF အဖွဲ့ဝင် (၂) ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အသေပစ်ခတ် ဖမ်းဆီး ရမိခဲ့သည်။

 

ယင်းနောက်တွင် အဆိုပါ PDF (၂) ဦး ကိုင်ဆောင်ထားသည့် သေနတ် (၁) လက်၊ ကျည်အိမ် (၂) ခုနှင့် ရီမု (၂) ခုတို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သိမ်းဆည်းရမိခဲ့သည်။

 

#PeopleMedia


Share this post