• Follow Us on

Home ရေစကြိုမြို့နယ် ဆင်မရဲကျေးရွာ ဘုန်းကြီးကျောင်းကို စစ်သွေးကြွ PDF တွေက ဒရုန်းဖြင့် ဗုံးကြဲ

ရေစကြိုမြို့နယ် ဆင်မရဲကျေးရွာ ဘုန်းကြီးကျောင်းကို စစ်သွေးကြွ PDF တွေက ဒရုန်းဖြင့် ဗုံးကြဲ

Share this post

နေပြည်တော်၊ ဩဂုတ် ၂၃

 

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ဆင်မရဲကျေးရွာရှိ ဘုန်းကြီးကျောင်းကို စစ်သွေးကြွ PDF အဖွဲ့ဝင်များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။

 

ယနေ့ ဩဂုတ်လ (၂၃)ရက် နံနက် (၁၀)နာရီခန့်က ရေစကြိုမြို့နယ် ဆင်မရဲကျေးရွာ ဘုန်းကြီးကျောင်းကို စစ်သွေးကြွ PDF အဖွဲ့ဝင်များက ဒရုန်းဖြင့် ဗုံးသီး (၂)လုံး ပစ်ချတိုက်ခိုက်ခဲ့သည်။

 

စစ်သွေးကြွ PDF အဖွဲ့ဝင်များ တိုက်ခိုက်လိုက်သည့် ဒရုန်းဗုံးသီး (၂)လုံးအနက် (၁)လုံးသည် ဆင်မရဲကျေးရွာ ဘုန်းကြီးကျောင်းအတွင်းရှိ သစ်ပင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး (၁)လုံးသည် ဘုန်းကြီးကျောင်း ရေကန်အနီးသို့ ကျရောက်သော်လည်း မပေါက်ကွဲခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ရေစကြိုမြို့နယ် နွယ်နီကျွန်းကျေးရွာသားဖြစ်သည့် စစ်သွေးကြွ PDF ခေါင်းဆောင် မြင့်ကို ဆိုသူက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဆင်မရဲကျေးရွာအနီးရှိ ငမြာလေးကျေးရွာမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ပြီးခဲ့သည် ဩဂုတ်လ (၂၁)ရက်ကလည်း စစ်သွေးကြွ PDF အဖွဲ့ဝင်များသည် ဆင်မရဲကျေးရွာအတွင်းရှိ ပြည်သူ့စစ်အဖွဲ့ဝင်များကို လက်နက်ချရန် နှိုးဆော်ထားသည့် စာရွက်များကို ဒရုန်းဖြင့်  ကြဲချခဲ့သည်။

 

#PeopleMedia


Share this post