• Follow Us on

Home ရေစကြိုမြို့ရှိ ကျေးရွာစာသင်ကျောင်းထဲတွင် PDF များ၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ရေစကြိုမြို့ရှိ ကျေးရွာစာသင်ကျောင်းထဲတွင် PDF များ၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

Share this post

နေပြည်တော်၊ သြဂုတ် ၁၇

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့၊ ကျောက်ဖူးကျေးရွာရှိ စာသင်ကျောင်းထဲတွင် PDF များ၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း သိရသည်။

 

သြဂုတ်လ ၁၆ ရက် ညနေ ၄:၃၀ အချိန်တွင် လုံခြုံရေးတပ်ဖွဲ့မှ ရေစကြိုမြို့ရှိ ကျေးရွာများအား နယ်မြေရှင်း လင်းရေးဆောင်ရွက်နေစဉ်အတွင်း ကျောက်ဖူးကျေးရွာရှိ စာသင်ကျောင်းထဲတွင် PDF များ သိုဝှက်ထားသည့် လက်နက်များကို သိမ်းဆည်းရမိကြောင်း သိရသည်။

 

ထိုသိမ်းဆည်းရမိသည်များမှာ လက်လုပ်မိုင်းမျိုးစုံ ၅၅ လုံး၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ လက်လုပ်စိန်ပြောင်း ဗုံးသီး ၄ လုံး၊ လက်လုပ်စိန်ပြောင်းအကူဒေါက် ၁ စုံ၊ ဘက်ထရီအိုးမျိုးစုံ ၁၄ လုံး- ယမ်းပျော့ ၁၆ ထုပ်- နီ/ နက်ဝါယာကြိုးခွေ ၁ ခွေ၊ မှန်ဘီလူး ၂ ခု၊ သံဖြတ်လွှ ၁ ချောင်း၊ Gluegun ၁ ခု ၊ ယမ်းကြိုးခွေ ၁ ခွေ၊ နိုင်လွန် ကြိုးခွေ ၁ ခွေ၊ အင်္ကျီ ၃ ထည်နှင့် လည်စည်း ၂ ခုတို့အား သိမ်းဆည်းရရှိကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post