• Follow Us on

Home ရေစကြိုမြို့၊ ကိုင်းမကြီးရွာ၊ ရွာဦးကျောင်း ကျောင်းထိုင်ဘုန်းကြီးကို PDF တွေ သတ်ဖြတ်ပြီး ရှေ့ဟောင်း ဆင်း တုတော်များ၊ ပေ၊ ပုရပိုက်များကို ယူဆောင်ရန် ပြင်ဆင်နေ

ရေစကြိုမြို့၊ ကိုင်းမကြီးရွာ၊ ရွာဦးကျောင်း ကျောင်းထိုင်ဘုန်းကြီးကို PDF တွေ သတ်ဖြတ်ပြီး ရှေ့ဟောင်း ဆင်း တုတော်များ၊ ပေ၊ ပုရပိုက်များကို ယူဆောင်ရန် ပြင်ဆင်နေ

Share this post

မကွေး၊ စက်တင်ဘာ ၁၈

 

မကွေးတိုင်း၊ ရေစကြိုမြို့၊ ကိုင်းမကြီးရွာ၊ ရွာဦးကျောင်း ကျောင်းထိုင်ဘုန်းကြီးဖြစ်သည့် ဦးကုမာရ(သက်တော် ၇၃ နှစ်၊ ဝါတော် (၅၃) နှစ်အား PDF အဖွဲ့က စက်တင်ဘာ ၁၇ ရက်နေ့၊ ည ၁၁ နာရီအချိန်က ဝင်ရောက်ဖမ်း ဆီးပြီးနောက် ဆင်ချောင်းဆည်အနီး၌ ခေါင်းဖြတ်သတ်ဖြတ်ခဲ့သည်။

 

“နိုင်ငံတော်ကနေ ကိုင်းမကြီးရှိ ဆင်းထုတော်တွေ ပေ၊ ပုရပိုက်တို့ကို လာရောက်ယူဆောင်ထိန်းသိမ်းပေးစေချင် တယ်။ အစိုးရက မထိန်းသိမ်းရင် PDF တွေက ထိုင်းကို ရောင်းစားကြမှာ။ ရဲတပ်ဖွဲ့ကတော့ လာရဲမှာ မဟုတ် ဘူး။ အင်းအားနည်းနည်းနဲ့ လာလို့မရဘူး။ PDF စခန်းတွေရှိတယ်။ ရက်ကြာရင် ကျောင်းတိုက်က ရှေ့ဟောင်း ပစ္စည်းတွေကို PDF က ယူဆောင်သွားဖို့ ရှိနေတယ်” လို့ ဆရာတော်ကြီးတစ်ပါးက မိန့်သည်။

 

အဆိုပါ ကျေးရွာနှင့် မြေခဲတောင်ကျေးရွာတို့သည် PDF အဖွဲ့များ စခန်းချနေထိုင်ရာ နေရာများဖြစ်သည်။

 

ကိုင်းမကြီးရွာ၊ ရွာဦးကျောင်း ကျောင်းတိုက်၌ ရှေ့ဟောင်းဗုဒ္ဓဆင်းတုတော်များ၊ ပေ၊ ပုရပိုက်များ ထိန်းသိမ်း ထားသော ကျောင်းတိုက်ဖြစ်သည်။

 

#PeopleMedia


Share this post