• Follow Us on
Latest News

Home ရေစကြို ဆင်မရဲပြည်သူ့စစ်ကျေးရွာကို စစ်သွေးကြွတွေ တိုက်ခိုက်နေ၊ လေယာဉ်ပစ်ကူနှင့် စစ်ကူများ အမြန်ဆုံး စေလွှတ်ပေးရန် ဒေသခံများတောင်းဆို

ရေစကြို ဆင်မရဲပြည်သူ့စစ်ကျေးရွာကို စစ်သွေးကြွတွေ တိုက်ခိုက်နေ၊ လေယာဉ်ပစ်ကူနှင့် စစ်ကူများ အမြန်ဆုံး စေလွှတ်ပေးရန် ဒေသခံများတောင်းဆို

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၁

 

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ဆင်မရဲပြည်သူ့စစ်ကျေးရွာကို စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ တိုက်ခိုက်နေပြီး လေယာဉ်ပစ်ကူနှင့် စစ်ကူများ အမြန်ဆုံးစေလွှတ်ပေးရန် ဒေသခံများက တောင်းဆို နေကြသည်။

 

ယနေ့ စက်တင်ဘာလ (၂၁)ရက် နံနက် (၅)နာရီခန့်မှ စတင်ကာ ဆင်မရဲပြည်သူ့စစ်ကျေးရွာကို စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ အင်အားအများအပြားဖြင့် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

စစ်သွေးကြွ PDF အဖွဲ့ဝင်များ၏ တိုက်ခိုက်နေမှုကြောင့် ဆင်မရဲပြည်သူ့စစ်ကျေးရွာမှ လုံခြုံရေးတပ်ဖွဲ့ ဝင်များနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များ အပြင်းအထန် ခုခံနေရသဖြင့် စစ်ကူများ အမြန်ဆုံး စေလွှတ်ပေးစေ လိုကြောင်း ဒေသခံများမှ ဆက်သွယ်ပြောဆိုလာသည်။

 

#PeopleMedia


Share this post