• Follow Us on

Home ရေစကြို- ပခုက္ကူကားလမ်းတွင် ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှ ပိုင်ရှင်အပါအဝင် အင်ဂျင်နီယာ (၅) ယောက် ကို PDF အဖွဲ့ဝင်များမှ သတ်ဖြတ်

ရေစကြို- ပခုက္ကူကားလမ်းတွင် ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှ ပိုင်ရှင်အပါအဝင် အင်ဂျင်နီယာ (၅) ယောက် ကို PDF အဖွဲ့ဝင်များမှ သတ်ဖြတ်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြို – ပခုက္ကူကားလမ်းတွင် ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှ ကုမ္ပဏီ ပိုင်ရှင် အပါအဝင် အင်ဂျင်နီယာ (၅)ယောက်ကို PDF အဖွဲ့ဝင်များမှ သတ်ဖြတ်လိုက်ကြောင်း သိရသည်။

 

သြဂုတ်လ (၃၁)ရက် ညနေ (၅)နာရီခွဲအချိန်က ရေစကြိုမြို့နယ်၊ ပညာရေးဌာနတွင် ကျောင်းဆောင် ဆောက် လုပ်ရေး ကန်ထရိုက် လုပ်ကိုင်သည့် မြန်မာလျှံလင်းအောင်ကုမ္ပဏီနှင့် ရဲရင့်အားမာန် ကုမ္ပဏီပိုင်ရှင် မအေးအေးအောင်ပါ (၅)ဦးတို့သည် ရေစကြိုမြို့၊ အမှတ် (၄)ရပ်ကွက်ရှိ အမက (လက်ပံကိုင်း) ကျောင်း ဆောက်လုပ်ပြီးစီးမှုအား လာရောက်ကြည့်ရှုပြီး ပခုက္ကူသို့ပြန်ရန် မော်တော်ယာဉ်ဖြင့် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

 

ယင်းနောက် အခင်းဖြစ်ပွါးသည့် နေရာသို့အရောက်တွင် PDF အဖွဲ့ဝင်များမှ အဆိုပါယာဉ်အား လက် နက်ငယ်များဖြင့် ချောင်းမြောင်းပစ်ခတ်ခဲ့သည်။

 

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် မအေးအေးအောင်တွင် နောက်စေ့ဖောက်ဝင်ဒဏ်ရာ၊ ဝဲလက်မောင်း/ ယာပေါင်/ ယာလက်မောင်း ဖောက်ဝင်ဒဏ်ရာ၊ မခိုင်နွယ်လင်းတွင် မျက်နှာဝဲဘက် ပွင့်ထွက်ဒဏ်ရာ၊ အသက် (၂၅)နှစ်အရွယ် ကျားအလောင်းတွင် ယာရင်ဘတ် ကျည်ဖောက်ဝင် (၂)ချက်၊ ဝဲလည်ပင်း ဖောက်ဝင် ဒဏ်ရာ (၂)ချက်၊ နောက်ကျော ဖောက်ထွက်ဒဏ်ရာ (၂)ချက်၊ အသက် (၂၇)နှစ်အရွယ် ကျားအလောင်းတွင် ယာပါး/ ဝဲလည်ပင်း/ ယာလက်မောင်း ဖောက်ဝင်ဒဏ်ရာ၊ အသက် (၃၅)နှစ်အရွယ် ကျားအလောင်းတွင် ယာနားထင် ပွင့်ထွက်၊ ယာလက်မောင်း ဖောက်ဝင် ဒဏ်ရာစသည့် ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း သိရသည်။

 

သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ည (၈)နာရီ မိနစ်(၅၀) အချိန်ခန့်တွင် အခင်းဖြစ်ပွါးသည့် နေရာ သို့ ရောက်ရှိခဲ့စစ်ဆေးခဲ့ပြီး အဆိုပါ အလောင်း (၅)လောင်းအား ရေစကြိုပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။

 

#PeopleMedia


Share this post