ရေဆင်းကူးသည့် ကျောင်းသားနှစ်ဦး ရေနစ်သေဆုံး
PUBLISHED - July 18, 2023
နေပြည်တော်၊ ဇူလိုင် ၁၈
ပဲခူးတိုင်းဒေသကြီး(အနောက်)၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၊ ကျောင်းကုန်းကျေးရွာအနီး၊ ဆည် မြောင်းနံဘေးကန်ထဲသို့ ရေဆင်းကူးသည့် ကျောင်းသားနှစ်ဦး ရေနစ်သေဆုံးကြောင်း သိရသည်။
ယနေ့နံနက်တွင် ကျောင်းကုန်းကျေးရွာအနီးရှိ ဆည်မြောင်းနံဘေးကန်ထဲတွင် ကျောင်းသားနှစ်ဦး ရေနစ် သေဆုံးကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဉ်နေရာသို့ နာရေးကူညီမှုအသင်းမှ အသင်းယာဉ်ဖြင့် သွား ရောက်ကူညီခဲ့ကြောင်း သိရသည်။
“ကျောင်းသွားရင်းနဲ့ ရေဆင်းကူးကြတာ။ လွယ်အိတ်ထဲမှာ စာအုပ်တွေ၊ အဖြူအစိမ်းဝတ်စုံတွေပါတယ်” လို့ ကျောင်းကုန်းကျေးရွာမှ ပြည်သူတစ်ဦးမှ ပြောပါတယ်။
ထိုရေနစ်သေဆုံးသည့် ကျောင်းသားနှစ်ဦးမှာ ဗောဓိရုက္ခကျောင်းတွင် ကျောင်းတတ်ရောက်နေသည့် မောင်ကိုကိုထွန်းမှာ Grade-6 နှင့် မောင်ထက်မြတ်သူမှာ Grade-3 ဖြစ်ကြောင်း၊ ထိုကျောင်းသားနှစ်ဦးမှာ ဗောဓိ (၃) လမ်းတွင် နေထိုင်သူများ ဖြစ်ကြောင်း သိရသည်။
Photo – Credit
#PeopleMedia