• Follow Us on

Home ရေဆိပ်၊ လေဆိပ်များနှင့် နယ်စပ်ကုန်သွယ်မှုစခန်းအားလုံးတွင် အဓိကဆောင်ရွက်ရမည့်လုပ်ငန်းများမှန်ကန် မြန်ဆန်မှုရှိစေရေးအတွက် လိုအပ်သလိုပြင်ဆင်ဆောင်ရွက်သွားမည်ဟု ဗိုလ်ချုပ်ကြီးမြထွန်းဦးကပြောကြား

ရေဆိပ်၊ လေဆိပ်များနှင့် နယ်စပ်ကုန်သွယ်မှုစခန်းအားလုံးတွင် အဓိကဆောင်ရွက်ရမည့်လုပ်ငန်းများမှန်ကန် မြန်ဆန်မှုရှိစေရေးအတွက် လိုအပ်သလိုပြင်ဆင်ဆောင်ရွက်သွားမည်ဟု ဗိုလ်ချုပ်ကြီးမြထွန်းဦးကပြောကြား

Share this post

နေပြည်တော်၊ အောက်တိုဘာ ၁၂

 

ရေဆိပ်၊ လေဆိပ်များနှင့် နယ်စပ်ကုန်သွယ်မှုစခန်း နေရာများအားလုံးတွင် အဓိက ဆောင်ရွက်ရမည့်လုပ်ငန်း များ မှန်ကန်မြန်ဆန်မှုရှိစေရေးအတွက် လေ့လာသုံးသပ်ပြီး လိုအပ်သလို ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြော သည်။

 

ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့တွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့သည်။

 

ဗိုလ်ချုပ်ကြီး မြထွန်းဦးက ကော်မတီအနေဖြင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်အောင် အားသွန်ခွန်စိုက် ဆောင်ရွက်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာကဏ္ဍများအလိုက် ဝန်ကြီးဌာနများအချင်းချင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များဖြစ်သော ကုန်သွယ်စီးပွားလုပ်ငန်းများ ဦးမော့လာစေ ရေးအတွက် ရေဆိပ်၊ လေဆိပ်များနှင့် နယ်စပ်ကုန်သွယ်မှုစခန်း နေရာများအားလုံးတွင် အဓိက ဆောင်ရွက်ရမည့်လုပ်ငန်းများ မှန်ကန်မြန်ဆန်မှုရှိစေရေးအတွက် လေ့လာသုံးသပ်ပြီး လိုအပ်သလို ပြင်ဆင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကုန်သွယ်မှုဆိုင်ရာမူဝါဒများနှင့် ပြည်တွင်းလိုအပ်ချက်ဖြစ်သော အခြေခံလူ သုံးကုန်ပစ္စည်းများ ပြည်ပမှ တင်သွင်းနေရမှုမှ ပြည်တွင်းလိုအပ်ချက်ပြည့်မီအောင် ထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်သွားရန် နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်မှာကြားထားပါကြောင်း၊ ဆောင်ရွက်နေသော လုပ်ငန်းစဉ်များအားလုံး ရှင်းလင်းလွယ်ကူစွာဖြင့် မှန်ကန်မြန်ဆန်စွာ လုပ်ကိုင်ဆောင် ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောသည်။

 

အထူးသဖြင့် နိုင်ငံတော်၏ စီးပွားရေးကို  အဓိကထိခိုက်စေသည့် ကုန်သွယ်ရေးလိုငွေပြမှု (Trade Deficit) မဖြစ်ပေါ်စေရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်ရာတွင် ပို့ကုန်တိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် ပြည်ပသို့ တိုးမြှင့် တင်ပို့နိုင်ရေး၊ နိုင်ငံတော်နှင့် အများပြည်သူများအတွက် မဖြစ်မနေလိုအပ်သော ကုန်ပစ္စည်း (Essential Commodity)များဖြစ်သည့် ဆေးနှင့် ဆေးအထောက်အကူပစ္စည်းများ၊  လယ်ယာလုပ်ငန်းသုံးပစ္စည်းများ၊ စက်သုံးဆီ၊ စားသုံးဆီများ၊ မွေးမြူရေးလုပ်ငန်းသုံးကုန်ကြမ်းများ၊ ပလတ်စတစ်ကုန်ကြမ်းများ၊ စက်မှုကုန်ကြမ်း များ၊ အစားအသောက်ကုန်ကြမ်းများ၊ ဆေးဝါးကုန်ကြမ်းပစ္စည်းများနှင့် ပရဆေးကုန်ကြမ်းများကို လိုအပ်ချက် များအပေါ် မူတည်ပြီး လုပ်ငန်းကဏ္ဍနယ်ပယ်များတွင် ရပ်တန့်မှု၊ ဈေးနှုန်းကြီးမြင့်မှုများ မဖြစ်စေရေးအတွက် နည်းလမ်းတကျ ထိန်းကျောင်းကြပ်မတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကုန်သွယ်စီးပွားဆိုင်ရာ တရားဝင် ငွေကြေးစီးဆင်းမှုအတွက် ဘဏ်လုပ်ငန်းများ စနစ်တကျ မှန်ကန်မြန်ဆန်ချောမွေ့စေရန် ဆောင်ရွက်ခြင်း၊ ကုန်သွယ်မှုလုပ်ငန်းစဉ်များ မှန်ကန်မြန်ဆန်စေရေးအတွက် လုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများ အပေါ် လိုအပ်သလို ကြီးကြပ်ကွပ်ကဲပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခြင်းများကို အလေးထား ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောသည်။

 

ဗိုလ်ချုပ်ကြီး မြထွန်းဦးက ကုန်သည်လုပ်ငန်းရှင်များ လက်တွေ့လုပ်ငန်းနယ်ပယ်တွင် ကြုံတွေ့နေရသော အခက်အခဲများကို နည်းလမ်းမျိုးစုံဖြင့် သိရှိအောင်ပြုလုပ်ပြီး ကော်မတီအနေနှင့် ဖြေရှင်းဆောင်ရွက်ပေး သွားမည်ဖြစ်သည့်အတွက် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊ ဆိပ်ကမ်းပိုင်းတွင် သက်ဆိုင်ရာဆိပ်ကမ်းတာဝန်ရှိသူများအနေဖြင့် အာမခံကြေးကအစ ကုန်သေတ္တာအဆုံး စိစစ်ပြီး စနစ်တကျ ဆောင်ရွက်ပေးသွားရန် ဖြစ်ပါကြောင်း၊ သတင်း အမှားများနှင့် ပတ်သက်၍လည်း အလွန်အကျွံ ယုံကြည်မှုမရှိကြရန် ယခုအစည်းအဝေးသို့ တက်ရောက်လာ ကြသော အရာရှိကြီးများမှတစ်ဆင့် အောက်ခြေဝန်ထမ်းများ၊ ပြည်သူများ သိရှိနားလည် သဘောပေါက်လာ အောင် ပြောကြားပေးရန် လိုအပ်မည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

 

#PeopleMedia


Share this post