• Follow Us on
Latest News

Home ရေတာရှည်မြို့တွင် ယာဉ်မောင်းအိပ်ငိုက်၍ တစ်ခြားယာဉ်တစ်စီးအား တိုက်မိရာ ထိုယာဉ်မောင်းသူသေဆုံး

ရေတာရှည်မြို့တွင် ယာဉ်မောင်းအိပ်ငိုက်၍ တစ်ခြားယာဉ်တစ်စီးအား တိုက်မိရာ ထိုယာဉ်မောင်းသူသေဆုံး

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၂၃

 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့၊ ဆွာချောင်းတံတားနှင့် တိုးဂိတ်အကြားတွင် ခရမ်းချဉ်သီး များ တင်ဆောင်လာသည့် ကုန်တင်ယာဉ်မှ ယာဉ်မောင်းအမျိုးသားတစ်ဦး အိပ်ငိုက်၍ တစ်ခြားယာဉ်အား တိုက်မိရာ ထိုယာဉ်မောင်းသေဆုံးသွားကြောင်း သိရသည်။

 

ဇန်နဝါရီလ ၂၂ ရက် မွန်းလွဲအချိန်တွင် ရန်ကုန်-မန္တလေးလမ်းဟောင်းအတိုင်း မြောက်မှတောင်သို့မောင်းနှင် လာစဉ် ခရမ်းချဉ်သီးများတင်ဆောင်လာသည့် ကုန်တင်ယာဉ်မှ အိပ်ငိုက်၍ တစ်ခြားယာဉ်ကို တိုက်မိသော ကြောင့် ထိုခရမ်းချဉ်သီးများတင်ဆောင်လာသည့် ယာဉ်မှာ ပျက်စီး၍ ယာဉ်မောင်းမှာ ခြေထောက်များပြတ်ပြီး ကားလမ်းပေါ်သို့ပြုတ်ကျသေဆုံးသွားကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဒီဇင်ဘာလကလည်း ရန်ကုန်ဘက်မှ နေပြည်တော်သို့ Toyota Hilux Surf ယာဉ်အား မောင်း နှင်သူအမျိုးသားမှ အိပ်ငိုက်၍ ထိုယာဉ်ပေါ်တွင် လိုက်ပါလာသည့် ကိုရင်သုံးပါး နှင့် ရဟန်းနှစ်ပါးတို့ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post