ရေတာရှည်မြို့တွင် အမျိုးသားတစ်ဦးကို KNU/PDF များမှ ဖမ်းဆီးခေါ်ဆောင်ပြီး လမ်းဘေး၌ သတ်ဖြတ်
PUBLISHED - September 13, 2023
နေပြည်တော်၊ စက်တင်ဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ဇီးဖြူတန်းကျေးရွာအနောက်ဘက် အုပ်ရှစ်ပင်ကျေးရွာ ဘက်သို့ ဖမ်းဆီးခေါ်ဆောင်ပြီး လမ်းဘေးတွင် KNU/PDF များမှ ဓားဖြင့်ခုတ်သတ်ခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ ၁၁ ရက်နေ့တွင် ရေတာရှည်မြို့နယ်၊ ရေနီတိုက်နယ်ဆေးရုံတွင် အမျိုးသားတစ်ဦး လည် ပင်းပြတ်ရှဒဏ်ရာများဖြင့် သေဆုံးသည့် ရုပ်အလောင်း ရောက်ရှိကြောင်း လုံခြုံရေးတပ်ဖွဲ့မှ သတင်းရရှိ သောကြောင့် ဖြစ်စဉ်နေရာသို့ သွားရောက်ခဲ့ကြောင်း သိရသည်။
ထိုသတ်ဖြတ်ခံရသည်မှာ စက်တင်ဘာလ ၁၀ ရက် ည ၈ နာရီကျော်တွင် PDF (၄) ဦးမှ ဇီးဖြူတန်းကျေးရွာသို့ ရောက်ရှိလာပြီး ထိုကျေးရွာတွင် နေသည့် အောင်စိုးမင်း၏ နေအိမ်သို့ရောက်ရှိလာပြီး ၎င်းကိုနေအိမ်လှေကား ရင်း၌ ထိုင်ခိုင်းစဉ်အတွင်း ထိုအချိန်တွင် PDF အဖွဲ့ထံသို့ ဖုန်းဝင်လာပြီးနောက် PDF (၅) ဦး ထပ်မံရောက်ရှိ လာပြီး အောင်စိုးမင်းကို ဖမ်းဆီးခေါ်ဆောင်၍ အုပ်ရှစ်ပင်ကျေးရွာဘက်သို့သွားသည့် လမ်းတွင်သတ်ဖြတ်ခြင်း ခံရကြောင်း သိရသည်။
Photo – Credit
#PeopleMedia