• Follow Us on
Latest News

Home ရေတာရှည်မြို့တွင် အသက် (၈) နှစ်အရွယ်ကလေးအပါအဝင် (၄) ဦး သေဆုံးပြီး (၅) ဦး ဒဏ်ရာရ

ရေတာရှည်မြို့တွင် အသက် (၈) နှစ်အရွယ်ကလေးအပါအဝင် (၄) ဦး သေဆုံးပြီး (၅) ဦး ဒဏ်ရာရ

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၂

 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့၊ ပိတောက်ကုန်းကျေးရွာ၊ စည်ပိုင်းကျေးရွာ၊ မိချောင်းအိုင် ကျေးရွာကို PDF များမှ ဒရုန်းဖြင့် ဗုံးသီးများပစ်ချတိုက်ခိုက်ရာ အသက် (၈) နှစ်အရွယ် ကလေးတစ်ဦးအပါ အဝင် (၄) ဦး သေဆုံးပြီး (၅) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဖေဖော်ဝါရီလ ၂၁ ရက် နေ့လည် ၂ နာရီခန့်တွင် ရေတာရှည်မြို့၊ မြစ်အရှေ့ဘက်ရှိ ပိတောက်ကုန်းကျေးရွာ၊ စည်ပိုင်းကျေးရွာ၊ မိချောင်းအိုင်ကျေးရွာများကို ဒရုန်းဖြင့် ဗုံးသီးများပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုဗုံးသီးများ ပစ်ချတိုက်ခိုက်မူကြောင့် အသက် (၈) နှစ်အရွယ် ကလေးတစ်ဦး၊ အသက် (၁၀) နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ကျေးရွာပြည်သူ (၄) ဦးတို့ ဗုံးစထိမှန်၍ သေဆုံးပြီးနောက် ပြည်သူ (၅) ဦးမှာလည်း ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post