ရေနီမြို့တွင် MARK II ယာဉ်ပေါ်မှ ကျပ်သိန်း ၉၁၂၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

PUBLISHED - June 21, 2024
နေပြည်တော်၊ ဇွန် ၂၁
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရေနီမြို့တွင် TOYOTA MARK II ယာဉ်ပေါ်မှ ငွေကျပ်သိန်း ၉၁၂၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဇွန်လ ၁၉ ရက်နေ့ ည ၉ နာရီ ၃၀ အချိန် ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ရေတာရှည်မြို့နယ်၊ ရေနီမြို့၊ အမှတ်(၁)ရပ်ကွက်အနီးတွင် မော်တော်ယာဉ်များအား စစ်ဆေး ရှာဖွေစဉ် ကျော်မြင့် မောင်းနှင်ပြီး ခန့်စည်သူကျော်(ခ)စည်သူ နှင့် မမို့မို့မြတ် တို့လိုက်ပါလာသည့် TOYOTA MARK II အမျိုးအစား မော်တော် ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၄၅၆၀၀၀ ပြား (ဒေသကာလပေါက် ဈေးတန်ဖိုးငွေကျပ်သိန်း ၉၁၂၀)၊ မြန်မာငွေကျပ် ၃ သိန်းနှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့သဖြင့် ကျော်မြင့်(၆၃)နှစ်၊ ခန့်စည်သူကျော်(ခ)စည်သူ(၂၄)နှစ် နှင့် မမို့မို့မြတ်(၃၁)နှစ်တို့အား ရေနီနယ်မြေ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထား ရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#PeopleMedia