• Follow Us on
Latest News

Home ရေနံချောင်းနှင့် စလင်းတို့တွင် အကြမ်းဖက်သမားများ ထောင်ထားသည့်မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိ

ရေနံချောင်းနှင့် စလင်းတို့တွင် အကြမ်းဖက်သမားများ ထောင်ထားသည့်မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၀

 

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်နှင့် စလင်းမြို့နယ်တို့တွင် အကြမ်းဖက်သမားများ ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်တွင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ဆုံမကျီးပင်ကျေးရွာနေ ဦးကျော်သန်း (၄၇)နှစ်သည် ၎င်း၏နေအိမ်မှ ရေနံချောင်းမြို့နယ်၊ အင်တောကျေးရွာသို့ ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် အင်တောကျေးရွာအနီးရှိ ဒေသအခေါ် ကြက်လိမ်ကွေ့သို့အရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့မှုကြောင့် ဦးကျော်သန်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် မကွေးမြို့နယ်ရှိ မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

 

အလားတူ စလင်းမြို့နယ်၊ ဂွေးပင်ဇင်ကျေးရွာနေ ဦးခင်စိုး (၅၂) နှစ်သည် ၎င်း၏လယ်ထဲမှ နေအိမ်သို့ လမ်းလျှောက်ပြန်လာစဉ် ဂွေးပင်ဇင်ကျေးရွာ၏တောင်ဘက် ၃ ဖာလုံခန့်အကွာအရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် မိုင်းတစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် ဦးခင်စိုးတွင် မိုင်းပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့သဖြင့် မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း သိရသည်။

 

#PeopleMedia


Share this post